ကလေးမြို့နယ်တွင် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုပိုများလာဟု ဆို

ကလေးမြို့နယ်တွင် အမျိုးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှုပိုများလာဟု ဆို

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ်တွင် အမျိူးသမီးများအပေါ် အိမ်တွင်းအကြမ်းဖက်မှု ပိုများလာသည်ဟု တရားမျှတမှုအတွက် အမျိူးသမီးများအဖွဲ့( Women for Justice) က ပြောဆိုလိုက်သည်။

တရးမျှတမှုအတွက် အမျိူးသမီးများအဖွဲ့အနေဖြင့် ကလေးမြို့နယ်အတွင်းရှိ ကျေးရွာ (၁၈) ရွာကို ကွင်းဆင်းလေ့လာ မှုပြုလုပ်ခဲ့ကြရာတွင် အိမ်တွင်းအကြမ်းဖက်မှု (လင်မယားကြား ရိုက်နှက်မှုများ၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု) တို့ကို အများဆုံးတွေ့ရှိရသည်ဟု ယင်းအဖွဲ့မှ လုပ်ငန်းစဉ်များတာဝန် စီမံခန့််ခွဲမှုကော်မတီ(၂) ဒေါ်ငြိမ်းငြိမ်းထွန်းကပြောသည်။

“အိမ်တွင်းအကြမ်းဖက်မှု မှာဆိုလိို့ရှိရင် ဒါကသမရိုးကျလိုပဲ လူတွေကထင်မြင်တယ် နောက်ပြီးတော့ လင်မယား ပြသာနာဆိုလို့ရှိရင်ပတ်ဝန်းကျင်က လာပြီးမစွတ်ဖက်ချင်ဘူး ကြားသုံးကြားမဝင်ရဘူးဆိုရိုးစကားတွေရှိတယ် လင်မယားဆိုတာပြီးရင်ပြီးသွားတာပဲလို့ပြောကြတယ် အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့ အခြေအနေတွေမဟုတ်လ်ို့ရှိရင် ဘယ်သူကမှဒီကိစ္စကိုဝင်ရောက်စွတ်ဖက်ခြင်းတော့ ပိုပြီးတော့များလာတယ်” ဟု သူမကပြောသည်။

ဥပဒေကြောင်းအရ အမျိုးသားများက ရိုက်နှိပ်ခြင်းသည် သန်မာန်နာကျင်စေမှုအဖြစ် သတ်မှတ်ပေးထားခြင်းကြောင့် အမျိုးသားတွေကိုအားပေးအားမြောက်သလို ဖြစ်စေကြောင်း သူကဆက်ပြောသည်။

“သူများကသာလာရိုက်လို့ရှိရင် အဲတာအမှုလုပ်လို့ရတယ် သူ့ယောက်ျားက ရိုက်လို့ရှိရင် အမှုလုပ်လို့မရဘူးဆိုတာမျိုးတွေ အဲတာတွေက အမျိုးသမီးတွေကိုအားနည်းချက်ဖြစ်စေတယ် တကယ်လို့သာ ယောက်ျားက ရိုက်နှက်တာကို တိုင်လို့ရတယ် အရေးယူလို့ရတယ် ဥပဒေတွေ တိတိကျကျရှိထားတယ်ဆိုလို့ရှိရင် ဒီအိမ်တွင်းအကြမ်းဖက်မှုက လျော့နည်းမယ်လို့ ထင်ပါတယ်” ဟု ဒေါ်ငြိမ်းငြိမ်းထွန်းကဆက်ပြောသည်။

ရပ်ရွာငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေးရှေ့ဆောင်အသင်း(APDS) က ဦး GS mang ကတော့ အမျိုးသမီးများ၏ အခွင့်အရေး နားလည်ပြီးရုံသာမက လေးစားကာ အိမ်တွင်းအကြမ်းမှုတွေကို မကျူးလွန်ရန်အတွက်လိုအပ်ပြီး အမျိုးသမီးတွေကလည်း အမျိုးသားတွေအပေါ် အပြောအဆို အမူအကျင့်တွေမှာ တယောက်နှင့်တယောက်အပြန်အလှန်ပွင့်ပွင့်လင်းလင်း ပြောဆိုဆက်ဆံ ဖြေရှင်းကြရန်လိုအပ်သည်ဟု ပြောသည်။

“အမျိုးသမီးတွေအကြမ်းဖက်ခံရရင် ကျူးလွန်တဲ့သူကလည်း အမျိုးသားတွေဖြစ်တယ် သိက္ခာကျစေတယ် ဒီအမျိုးသမီးတွေရဲ့ အကြမ်းဖက်ခံရမှုတွေကို အမျိုးသားတွေအနေနဲ့လည်း လျော့နည်းပပျောက်အောင် ပူးပေါင်းဆောင်ရွက်မှုတွေက အဓိက နံပတ် (၁) လိုအပ်ချက်ဖြစ်တယ်” လို့ သူကဆက်ပြောသည်။

ယင်းအကြမ်းဖက်မှုနှင့်ပတ်သက်ပြီး တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ) မှ ၂၀၁၆ မှ ၂၀၁၈ ခုနှစ်အထိ အမှုပေါင်း (၄၀) ကျော်ရှိပြီး အများစုမှာ အိမ်တွင်းအကြမ်းဖက်မှုများ၊ သက်ငယ်မုဒိမ်းမှုများနှင့် လင်မယားကွာရှင်းမှုများတို့ဖြစ်ကြသည်။ တရားရေးရင်ဆိုင်ရာတွင်လည်း သက်သေမခိုင်လုံမှုနှင့် တရားခံထွက်ပြေးမှုတွေလည်းတွေ့ကြုံနေရကြောင်း သိရသည်။

တရားမျှတမှုအတွက် အမျိုးသမီးများအဖွဲ့ (WJ) သည် အမျ်ိုးသမီးများနိုင်ငံရေးစွမ်းအင်မြှင့်တင်ရေး၊ ငြိမ်းချမ်းရေးနှင့် ပြန်လည်သင့်မြတ်ရေး၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုဆန့်ကျင်ရေး၊ သတင်းသုတေသနပြုသည့်လုပ်ငန်းစဉ် (၄)ခုဖြင့် ဌာနရှိပြီး အိန္ဒိယနိုင်ငံတွင် ၁၉၉၅ နယူးဒေလီတွင် စတင်တည်ထောင်ခဲ့ကာ မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ်မှ စတင်တည်ထောင်ခဲ့သည့် အမျိုးသမီးအဖွဲ့အစည်းဖြစ်သည်။

Most read this week

December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...
December 15, 2025
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ ပြည်သူဆေးရုံးကြီးကို စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုသည်...
December 10, 2025
စစ်အာဏာရှင်တော်လှန်ရေး ငါးနှစ်နီးပါး ရှိလာချိန်တွင် ချင်းလူမှုအသိုင်းအဝိုင်းကြား လူ့အခွင့်အရေး၊...