မွန်ရေးရာအဖွဲ့ချုပ် MAU ကို ပုံစံသစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်မည်

မွန်ရေးရာအဖွဲ့ချုပ် MAU ကို ပုံစံသစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်မည်
MAU အစည်းအဝေးကျင်းပခဲ့စဉ်( photo:Sunthorn Sripanngern)
MAU အစည်းအဝေးကျင်းပခဲ့စဉ်( photo:Sunthorn Sripanngern)

လက်ရှိကာလတွင် လှုပ်ရှားမှုမတွေ့ရှိရသော မွန်ရေးရာအဖွဲ့ချုပ် Mon Affair Union-MAU ကို ပုံစံသစ်ဖြင့် ဆက်လက်အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း မွန်ပြည်သစ်ပါတ႘ ဗဟိုအလုပ်အမှုဆောင်ဝင် နိုင်ဝင်းလှက ပြောသည်။

“တစ်မျိုးသားလုံးစည်းလုံးညီညွတ်ရေးကို တည်ဆောက်နိုင်ဖို့အတွက် မွန်ုပြည်သစ်ပါတ႘က ဖွဲ့စည်းထားတဲ့ အဖွဲ့ရှိတယ်။ ဒီအဖွဲ့ကနေ ကော့ပေါလောရွာမှာ ကျင်းပခဲ့တဲ့ ၂၀၁၆ ကွန်ဖရင့်ရဲ့ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ဖို့၊ အကောင်အထည်ဖော်တဲ့အခါမှာ MAU အဖွဲ့ဟောင်းကိုတော့ အားလုံးမပါဝင်နိုင်တဲ့အတွက် ပုံစံအသစ်နဲ့ ပြန်လုပ်မယ်၊ နောက်ပြီး  မွန်နိုင်ငံရေးအကြံပေးအဖွဲ့ကိုလည်း ဒီအဖွဲ့ထဲမှာ ပါဝင်လာနိုင်ဖို့ ပြောဆိုထားတယ်”ဟု နိုင်ဝင်းလှက ဆိုသည်။

ဒုတိယအကြိမ်မွန်နိုင်ငံရေးညီလာခံမှ ဖွဲ့စည်းထားသော မွန်နိုင်ငံရေးအကြံပေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီ NMSP ထိပ်ပိုင်းခေါင်းဆောင်တို့ ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်နေ့က မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ ဝယ်ဇင်စခန်း၌ တွေ့ဆုံဆွေးနွေးရာတွင် MAU အကောင်အထည်ဖော်ရေးအဖွဲ့တွင် ပါဝင်ပေးရန် မွန်ပြည်သစ်ပါတီက တောင်းဆိုခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

သို့ရာတွင် AMDP ဒုတိယ ဥက္ကဌ(၁) နိုင်ချမ်းတွဲ့က “MAU ဖွဲ့စည်းမယ့် ပုံစံသစ်မှာ ပါဝင်ဖို့ မွန်ပြည်သစ်ပါတီအနေနဲ့ ကျနော်တို့ကို တရားဝင်ပြောဆိုထားတာ မရှိသေးဘူး။ ဒါပေမယ့် ကျွန်တော်တို့ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီအနေနဲ့ အားလုံးပါဝင်နိုင်ရေးကို ထောက်ခံတယ်၊ အလိုလဲရှိတယ်။ ဒါပေမယ့် ဘယ်လိုပုံစံနဲ့ ဖွဲ့သွားမလဲဆိုတာကတော့ ကျွန်တော်တို့မှာ ပြင်ဆင်ထားတာ မရှိသေးဘူး” ဟု ပြောသည်။

အဆိုပါ MAU အဖွဲ့ကို မွန်ပြည်သစ်ပါတီ၊ ပြည်တွင်းရှိ မွန်နိုင်ငံရေးပါတီ၊ ပြည်ပရောက်မွန်အဖွဲ့အစည်းများ၊ ထိုင်းနယ်စပ်နှင့် ထိုင်းမွန်အဖွဲ့အစည်များအပြင် လူထုအခြေပြုမွန်အဖွဲ့အစည်းများက မွန်ပြည်သစ်ပါတီ ထိန်းချုပ်နယ်မြေ၌ ၂၀၀၄ ခုနှစ်တွင် မွန်အမျိုးသားနှီးနှောဖလှယ်ပွဲမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။

May 28, 2026
မွန်ပြည်နယ်တွင် စိုက်ပျိုးရေးကုန်ကျစရိတ်များ အဆမတန်မြင့်တက်နေပြီး စပါးဈေးနှုန်း မတက်လာသည့်အတွက်...
May 27, 2026
ရန်ကုန်မွန်စာပေနှင့် ယဉ်ကျေးမှုကော်မတီမှ ဦးဆောင်ဖွင့်လှစ်သည့် မွန်ရိုးရာဝတ်စုံ...
ပုံ-IMNA
May 26, 2026
စံခလပူရီမြို့နယ်၊ ဝင်းကဝိဝေကာရာမဌာနကျောင်းတိုက် သံဃာတော်များနှင့် စာပေအရေးလှုပ်ရှားသည့် ဒေသခံ...
 ပုံ-Bo Bo Win
May 25, 2026
မွန်ပြည်နယ်အတွင်း ကမ်းနားနှင့် မြစ်အနီးနေထိုင်သော ကလေးငယ်များအနေဖြင့်လည်းကောင်း၊...