KIO ခွင့်ပြုချက်ဖြင့် လယ်ထဲ လမ်းဖောက်ခြင်း ကို ရွာသားများ ကန့်ကွက် ဆန္ဒပြ

KIO ခွင့်ပြုချက်ဖြင့် လယ်ထဲ လမ်းဖောက်ခြင်း ကို ရွာသားများ ကန့်ကွက် ဆန္ဒပြ

ရှမ်းပြည်မြောက်ပိုင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIO ခွင့်ပြုချက်ဖြင့် မူဆယ်ခရိုင် မုန်းကိုး ဒေသအတွင်း တရုတ်လုပ်ငန်းရှင်များမှ ကျေးရွာနှင့် လယ်ထဲ ဖြတ်ကာ လမ်းဖောက်လုပ်နေခြင်းကို ရွာသားများ ကန့်ကွက်ဆန္ဒပြမှု တရပ် ပြုလုပ်ခဲ့သည်။

လုပ်ငန်းအတွက် အဆိုပါလမ်းကို “KIO ခွင့်ပြုချက်ဖြင့်” ဆိုပြီး Wanding ကျေးရွာအနီး Hpai Kawng (ဖိုင်းကောင်း) ရွာ တွင် အလျင်အမြန် ဖောက်လုပ်နေခြင်းအား ဇွန် (၂၁)ရက်နေ့ ရွာသားများ ကန့်ကွက် ဆန္ဒပြခြင်း ပြုလုပ်ခဲ့သည်။

KIO မှ လမ်းဖောက်ရန် ခွင့်ပြုခြင်းနှင့်ပတ်သက်ပြီး မုန်းကိုးဒေသ ကချင် လွတ်လပ်ရေး တပ်မတော် KIA တပ်မဟာ (၆) အရာရှိ တစ်ဦးက သူတို့ မသိကြောင်း ယခုလို ပြောပါသည်။

“အဲဒီ့မှာ ကျနော်တို့ တပ်မဟာ (၆) မသိဘဲနဲ့ Div. (KIO အုပ်ချုပ်ရေးအဖွဲ့) က လား၊ တပ်မဟာ (၄) က လား။ အဲဒီ တရုတ်လောပန်းတွေကို မြေ၊ ကျောက် နဲ့ သတ္တုတွင်းတွေ ရောင်းပေးတာမျိုး ရှိနေတယ်။”

လွန်ခဲ့သော (၇)နှစ် ကျော်၊ ၂၀၁၁ ခုနှစ် မြန်မာအစိုးရ နှင့် KIO တကျော့ပြန်တိုက်ပွဲ စတင်ချိန် ကတည်းက အဆိုပါ လုပ်ငန်းအတွက် လမ်းဖောက်လုပ်ခြင်းကို KIO ခွင့်ပြုခဲ့ခြင်းပေါ် ရွာသားများ ကန့်ကွက်နေကြခြင်း ဖြစ်သည်။

သို့သော်လည်း ယခုချိန်ထိ KIO သည် လမ်းဖောက်ခွင့် ပိတ်ပင်ခြင်းမရှိဘဲ ၎င်းတို့ထံ သွားရောက် တိုင်ကြားသော ရွာသားများကိုပင် သတိပေး ခြိမ်းခြောက်နေကြောင်း ရွာသားများ ပြောပါသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...