ချီဖွေမြို့နယ် မူးယစ် ပပျောက်ရေး အစိုးရအား တောင်းဆို ဆန္ဒပြ

ချီဖွေမြို့နယ် မူးယစ် ပပျောက်ရေး အစိုးရအား တောင်းဆို ဆန္ဒပြ

ကချင်ပြည်နယ် Chipwi မြို့နယ် မူးယစ်ဆေးဝါး ပပျောက်ရေးလုပ်ငန်းများကို အစိုးရ၏ အရေးယူ ဆောင်ရွက်ခြင်း မရှိသောကြောင့် နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အထိမ်းအမှတ် နေ့ ဇွန် (၂၆)ရက် နေ့တွင် ဒေသခံများ ဆန္ဒပြဖော်ထုတ်ခဲ့ ကြသည်။

မူးယစ်ဆေးဝါး ပပျောက်သွားရန် သက်ဆိုင်ရာအဖွဲ့အစည်းများမှ အမြန်ဆုံး ဖြေရှင်းပေးရန် ဆန္ဒပြခဲ့ခြင်းဖြစ်သည် ဟု ဒေသခံ လူထုဆန္ဒပြပွဲ ဦးဆောင်သူ တစ်ဦး ဦး Lum Zawng ယခုလို ဆိုသည်။

“အစိုးရအနေနဲ့ယခု ချိန်ထိ ဒါကို တရား ဥပဒေနဲ့ အညီ အရေးယူဆောင်ရွက်မူ တွေ မလုပ်တာကိုတွေ့ရတယ်။ ကျနော်တို့ တောင်ပေါ်ဒေသတွေမှာ တရားဥပဒေ စိုးမိုးမှု အားနည်းတယ်။ ဒီပြဿနာက များသောအားဖြင့် တိုင်းရင်းသားဒေသတွေမှာ တွေ့ရတယ်။”

အစိုးရ အနေဖြင့် Chipwi (ချီဖွေ)မြို့နယ် အတွင်း မူးယစ်တိုက်ဖျက်ခြင်း လုပ်ငန်း ထိရောက်စွာ မပြုလုပ်ပါက နှစ်စဉ် ဆန္ဒပြပွဲ ပြုလုပ်သွားမည်ဟု ဦး Lum Zawng ဆက်ပြောသည်။

အင်္ဂါနေ့ ဆန္ဒပြပွဲမှာ ဒေသခံ ၂၀၀ ကျော်ခန့် ပါဝင်ပြီး တတိယ အကြိမ်မြောက် မူးယစ်ဆေးဝါး ပပျေက်ရေး ဆန္ဒပြခဲ့ခြင်းလည်း ဖြစ်သည်။

ယမန်နေ့တွင် မြန်မာတစ်နိုင်ငံ တစ်ဝန်းရှိ မြို့နယ်များတွင်လည်း မူးယစ်တိုက်ဖျက်ခြင်းနှင့် ပတ်သက်သော အစီစဉ်များကို ပြုလုပ်သွားခဲ့သည်ကို တွေ့ရပါသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...