ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် နေ့စဉ် လူ (၅)ဦး သေဆုံး နေ

ဖားကန့် စွန့်ပစ်မြေစာပုံ ပြိုကျမှုကြောင့် နေ့စဉ် လူ (၅)ဦး သေဆုံး နေ

ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်ကုမ္မဏီများ စွန့်ပစ်ထားသော မြေစာပုံများ ပြိုကျမှုကြောင့် နေ့စဉ် ပျှမ်းမျှ ရေမဆေးသမား (၅)ဦးခန့် သေဆုံးနေ ရကြောင်း သိရသည်။

ဇွန် (၂၂)ရက်နေ့ (၁)ရက် အတွင်း မြေစာပုံပြိုကျ ခြင်းကြောင့် (Mawwan) မှော်ဝမ်း တွင် အမျိုးသား (၂)ဦး၊ မရှီကထောင် (Mashi Kahtawng) တွင် အမျိုးသမီး (၂)ဦး၊ မဂါးပင် တွင် အမျိုးသား (၂)ဦး၊ ယူမာ့ တွင် အမျိုးသား (၁)ဦး စုစုပေါင်း (၇)ဦး သေဆုံးခဲ့သည်။



ကုမ္မဏီများ၏ စနစ်တကျ မြေစာ စွန် ့ပစ်ခြင်းမရှိသောကြောင့် ယခု မိုးတွင်း ကာလတွင် ထိုအကျိုးဆက်ကို ခံစားရခြင်း ဖြစ်ကြောင်း ဖားကန့် Green Land ကုမ္ပဏီမှ ဦး Nawng Lat က သုံးသပ်ပြောဆိုသည်။



“ကုမ္မဏီတွေက သူတို့ အကျိုးကိုဘဲကြည့်တယ်။ ပြည်သူတွေ နောက်ဆက်တွဲ ဘာဖြစ်လာမယ်ဆိုတာ မကြည့်ဘူး။ နောက်ဆက်တွဲပြဿနာ အကျိုးဆက်တွေက ပြည်သူတွေပဲ ခံစားနေရတယ်။ ကုမ္မဏီက မြေစာပုံ ပစ်တာ သူ့ရဲ့ နည်းစနစ်တွေရှိတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်က လိုက်နာမူမရှိဘူး။ မြေစာပြိုကျတာကြောင့် နေ့စဉ် လူသေဆုံးမူ အရမ်းများလာတယ်” ဟု ဦး Nawng Lat ကပြောဆို သည်။



အစိုးရကလည်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမူနှင့် ပတ်သက်ပြီး အတင်းအကျပ် လုပ်ဆောင်ခြင်း မရှိသည့်အပြင် ကုမ္မဏီအများစုမှာ အစိုးရပိုင် ဖြစ်သော်လည်း ပြည်သူ့အသံကို နားထောင်မူ မရှိဘူး ဟု ၎င်းက ဆက်ဆိုသည်။



ထို့ကြောင့် ကျောက်စိမ်းတူး ကုမ္မဏီများ မှစွန့်ပစ် မြေစာပုံများကို စနစ်တကျ ချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများနှင့်အညီ စွန့်ပစ်ခြင်း လုပ်ဆောင်ပါက လူသေဆုံးမှုနှုန်း လျော့ကျမှာဖြစ်ပြီး သဘာဝပတ်ဝန်းကို ထိန်းသိမ်းခြင်းနှင့် ညီညွတ်သည် ဟု ဦး Nawng Lat က တိုက်တွန်းလိုက်သည်။



ဖားကန့်တွင် မြေစာပုံ ပြိုကျမှုကြောင့် လူသေဆုံးမှုများသည် ယခုနှစ် နှစ်ဆန်းပိုင်းမှ စတင်ပြီး ပိုမို ဆိုးရွားလာနေကြောင်း ဒေသခံများ ပြောပါသည်။

June 29, 2026
ကချင်ပြည်နယ်အတွင်း နေရာအနှံ့အပြားမှာ စစ်ရေးတင်းမာမှုတွေ ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာတော့...
June 27, 2026
ကချင်ပြည်နယ်မှာ ပြည်သူလူထုတွေ ကန့်ကွက်နေတဲ့ မြစ်ဆုံစီမံကိန်းကို ၈ နှစ်တာအတွင်းမှာ မဖြစ်ဖြစ်အောင်...
June 26, 2026
ကချင်ပြည်နယ် မိုးကောင်းမြို့မှာ ရေကြီးရေလျှံမှုဖြစ်ပြီးနောက် ရေထဲမှာ ဆေးထိုးအပ်တွေ...
June 25, 2026
ကချင်ပြည်နယ် ချီဖွေမြို့နဲ့ နီးကပ်စွာ မြေရှားသတ္တုတူးဖော်ဖို့ သတ္တုဆိုက်တွေ...