မူးယစ် အန္တာရယ်လျှော့ချရေး လူထုဆွေးနွေးပွဲ မြစ်ကြီးနားတွင် ပြုလုပ်

မူးယစ် အန္တာရယ်လျှော့ချရေး လူထုဆွေးနွေးပွဲ မြစ်ကြီးနားတွင် ပြုလုပ်

နှစ်ရက်ကြာ ဇွန် (၂၂-၂၃) မူးယစ်ဆေးဝါးဆိုင်ရာ အန္တရာယ်လျှော့ချခြင်း လူထုအမြင် ဆွေးနွေးပွဲ (Harm Reduction Public Awareness Campaign) အစီအစဉ်ကို မြစ်ကြီးနားမြို့ စီတာပူ မနောကွင်း Majoi ခန်းမ တွင် ပြုလုပ်ခဲ့သည်။

ကချင်ပြည်နယ်မှာ မူးယစ်ဆေးဝါးကြောင့် ကူးစက်ရောက်ဂါများ ဖြစ်ပွားနေသည့်အပြင် လူမှုရေး၊ အိမ်ထောင်ရေးပြဿနာ များစွာရှိနေခြင်းကြောင့် ၎င်းကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် လုပ်ဆောင်သွားရမည့် နည်းလမ်းများကို ဆွေးနွေးခဲ့ခြင်း ဖြစ်သည်ဟု ဆွေးနွေးပွဲ စည်းရုံး ဦးဆောင်သူ တစ်ဦး ဖြစ်သည့် Tsinyu Sut Naw မှ ယခုလို ပြောသည်။



“အားလုံးသိကြတဲ့ အတိုင်းဘဲ ကချင်ပြည်နယ်မှာက မူးယစ်ဆေးဝါး သုံးစွဲသူများတယ်။ ဒီမူးယစ်ဆေးဝါးကြောင့် ရောဂါ တွေလဲ များတယ်လေ၊ ပြီးတော့ လူမှုရေး ပြဿနာတွေလဲ များတယ်လေ၊ ဒီလို ဖြစ်နေလဲ ဘယ်လို ဖြေရှင်းရမယ် ဆိုတာကို မသိကြဘူး။ အဲ့တာကြောင့် ရှေ့ဆက် ဘယ်လို လုပ်ဆောင်သွားရင် ကောင်းမလဲ ဆိုတာကို ဆွေးနွေးသွားမှာပါ။”



ဆွေးနွေးပွဲတွင် မူးယစ်ဆေးဝါးအကြောင်း အသိပညာပေးဟောပြောချက်များ၊ မူးယစ်ဆေး ဖြတ်ထားသူများ၏ လက်မှု ပညာရပ်၊ ခံစားချက် ပန်းချီကားများ နှင့် သက်သေခံချက်တို့ကို ဖော်ထုတ်ပြသခဲ့ခြင်း တို့ ပါဝင်သည်။



အဆိုပါ မူးယစ်ဆေးဝါး လူထုအမြင် ဆွေးနွေးပွဲ အစီအစဉ်ကို လူဦးရေ ၅၀၀ ကျော် ခန့် ပါဝင်ဆွေးနွေး ခဲ့ကြသည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...