အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ CEC ၆ ဦး ထပ်တိုးခန့်အပ်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ CEC ၆ ဦး ထပ်တိုးခန့်အပ်
by -
ဇေယျာမော်

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာပါတီ ညီလာခံမှ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် (၆) ဦးကို ထပ်တိုးခန့်အပ်လိုက်ပြီ ဖြစ်သည်။

အသစ်ထပ်တိုးခန့်အပ်လိုက်သည့် ပုဂ္ဂိုလ်များမှာ ဒေါက်တာတင်မျိုးဝင်း ၊ ဦးအောင်ကြည့်ညွန့် ၊ ဦးသိန်းဦး၊ ဒေါက်တာမြင့်နိုင် ၊ ဦးအင်ထုံးခါးနော်ဆမ်၊ ဦးတင်ထွဋ်ဦး တို့ ဖြစ်သည်။

ယခင်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်တွင် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၁၅) ဦးရှိပြီး ထပ်တိုးခန့်အပ်လိုက်သည့် အဖွဲ့ဝင် (၆)ဦးဖြင့် စုစုပေါင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် (၂၁) ဦး ဖြစ်လာခဲ့သည်။

တိုင်းဒေသကြီးနှင့်ပြည်နယ် ဗဟိုကော်မတီမှ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သို့တင်သွင်းလာသည့် ကိုယ်စားလှယ် လောင်း(၁၄) ဦးအနက် ဗဟိုအလုပ်အမှုဆောင်အဖြစ် (၆) ဦးရွေးချယ်ခဲ့ပြီး ကျန်ရစ်သူများကို အရံဗဟိုအလုပ်အမှုဆောင်အဖြစ် ခန့်အပ်ခဲ့ခြင်းဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ်အမှုဆောင်ကော်မတီ၌ ဦးဉာဏ်ဝင်း ၊ ဦးထွန်းထွန်းဟိန် ၊ ဒေါက်တာမေဝင်းမြင့် စသည့်သူများအပြင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များ အများစုပါဝင်နေသည်။

May 23, 2026
မောင်ခက်နွေ — စစ်မှုထမ်းပေါ်တာဆွဲခံရမှုမှ ရှောင်ရှားနိုင်ရန် အလုပ်အသွား၊ အပြန်...
အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အစိုးရအဖွဲ့ဝင်များ မေလ ၂၁ ရက်တွင် တွေ့ဆုံခဲ့ကြသည့် မြင်ကွင်း။ (NUG)
May 22, 2026
မောင်ခက်နွေ — အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် တိုင်းရင်းသားတော်လှန်ရေးအင်အားစုများနှင့်...
May 21, 2026
ချင်းပြည်နယ်အတွင်း စစ်အုပ်စုတပ်၏ အင်အားပြင်းထန်လှသော လေကြောင်းနှင့်...
May 20, 2026
ပေါ်ထွန်း — ပဲခူးတိုင်းအနောက်ခြမ်း၊ ပန်းတောင်းမြို့နယ်ရှိ စစ်အုပ်စုတပ်၏ အမှတ် (၁၆)...