မြန်မာအစိုးရကျောင်း ပြောင်းတက်ရန် စာမေးပွဲ ထပ်မံဖြေဆိုရ

မြန်မာအစိုးရကျောင်း ပြောင်းတက်ရန် စာမေးပွဲ ထပ်မံဖြေဆိုရ

စစ်ရှောင်စခန်းတွင်ရောက်ရှိနေသည့် KIO ပညာရေးစနစ် အထက်တန်း ကျောင်းသားများက မြန်မာ အစိုးရကျောင်း ပြောင်းတက်နိုင်ရန် စာမေးပွဲ ထပ်မံ ဖြေဆိုရမည်ဆိုသော သတင်းထွက်လာသောကြောင့့်် ကျောင်းသား၊ မိဘများ စိုးရိမ် ပူပန်နေကြသည်။

ဇွန် (၁၈)ရက်နေ့တွင် ပညာရေးဝန်ထမ်းတစ်ချို့က တက္ကသိုလ်ဝင်တန်း တက်ရောက်နေသော စစ်ရှောင် ကျောင်းသားများကို (၈)တန်းမှ ပြန်လည် ဖြေဆိုရမည်ဟု ပြောခဲ့ကြောင်း ကျောင်းသားများပြောသည်။



ထို့ကြောင့် ဇွန် (၁၉)ရက် နေ့ ကချင်ပြည်နယ် ပညာရေး ဒုတိယညွန်ကြားရေးမှူး နှင့့် မြစ်ကြီးနားပညာရေးမှူးများ၊ အင်ဂျန်းယန် လွှတ်တော်ကိုယ်စားလှယ် တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး ဖြစ်သည်။



တွေ့ဆုံမှုအရ ယခုလ အတွင်း အတန်းစဉ်အလိုက် (၁၀)တန်း ဖြေဆိုရမည့် ကျောင်းသားသည် ၉ တန်း ဖြေဆိုရမည်ဖြစ်ပြီး၊ (၉)တန်း ဖြေဆိုရမည့်ကျောင်းသားသည် (၈)တန်း ဖြေဆိုရမည်ဖြစ်ကြောင်း နှင့် မေးခွန်းများကို ပြည်နယ်မှ ထုတ်ဝေ စီစစ်သွားမည်ဖြစ်ကြောင်းသိရသည်။



သို့သော်လည်း တိုက်ပွဲကြောင့် စိုးရိမ်ထိတ်လန့်မှု အဖြစ်ဆိုး ကြုံတွေ့ခဲ့ရသော ကျောင်သားများအနေဖြင့် ယခင်နှစ် ပညာသင်နှစ်အတွင်း ကျက်မှတ်ထားသော သင်ခန်းစာများ ကို မေ့လျော့သွားမည်ကို မိဘများက စိုးရိမ်နေခြင်းဖြစ်သည်။

Most read this week

အရှေ့နာဂကာကွယ်ရေးတပ် (ENDA) / Crd - ENDA
September 19, 2026
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့နယ်အတွင်း အရှေ့နာဂကာကွယ်ရေးတပ် (ENDA) က တပ်သားသစ်စုဆောင်း ရန်...
စင်းခန်းကျေးရွာတစ်ဝိုက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မီးလောင်ကျွမ်းနေစဉ်။ / Crd
September 18, 2026
ကချင်ပြည်၊ ဗန်းမော်၊ မံစီနှင့် ဇင်းဘုံ၊ စင်းခန်းတံတားတစ်ဝိုက် ဒေသများတွင် စစ်ရေးတင်းမာနေပြီး...
မြစ်ကြီးနားမြို့ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိများကို တွေ့ရစဉ်။ / ပုံဟောင်း
September 18, 2026
ကချင်ပြည် မြစ်ကြီးနားမြို့၊ တပ်ကုန်းရပ်ကွက်ရှိ Happy KTV တွင် ဖမ်းဆီးခံခဲ့ရသည့် KIO အရာရှိ ၁၃...
ကချင်ပြည်၊ ဝိုင်းမော်မြို့အတွင်း ART ဆေး ရရှိနိုင်သည့် ကျန်းမာရေးစင်တာတစ်ခုအား တွေ့ရစဉ်။ / Crd
September 18, 2026
ကချင်ပြည်အတွင်း HIV ပိုးထိန်းဆေး (ART) ပြတ်လပ်နေသည့်အတွက် HIV လူနာများအကြား စိုးရိမ်မှု...