မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် မင်းတပ်မြို့မှ ချင်းပြည်နယ်ကိုယ်စားပြု နှစ်ဦး ဆီမီးအဆင့်ရောက်ပြီဖြစ်

မြန်မာရိုးရာ လက်ဝှေ့ပြိုင်ပွဲတွင် မင်းတပ်မြို့မှ ချင်းပြည်နယ်ကိုယ်စားပြု နှစ်ဦး ဆီမီးအဆင့်ရောက်ပြီဖြစ်

ရန်ကုန် သိမ်ဖြူကွင်းတွင် ကျင်းပသည့် (၁၆) ကြိမ်မြောက် ပြည်နယ်နှင့်တိုင်းအဆင့် မြန်မာ့လက်ဝှေ့ ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် မင်းတပ်မြို့မှ ငါးဦး ယှဉ်ပြိုင်ခဲ့ရာ နှစ်ဦးမှာ ဆီမီးဖိုင်နယ်အထိ ယှဉ်ပြိုင်ထိုးသတ်နိုင်ပြီဖြစ်ရာ ဇွန်လ (၇) ရက်နေ့တွင် တစ်ဦးထပ်မံယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။

ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် မင်းတပ်မြို့နယ်မှ ငါးဦးယှဉ်ပြိုင်ခဲ့ခြင်းဖြစ်ပြီး နှစ်ဦးမှာ အမှတ်ဖြင့်ရှုံးနိမ့်ခဲ့သည်။

မြန်မာ့ရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ချင်းပြည်နယ်ကိုယ်စားပြုအဖြစ် ယှဉ်ပြိုင်သူကစားသမားများ၏ နည်းပြဖြစ်သူ ဦးတမ်မာန်က “ အမျိုးသားတစ်ဦးနဲ့ အမျိုးသမီး တစ်ဦးကတော့ရှုံးသွားပြီ။ ယောကျာ်းလေးနှစ်ယောက်မှာ ကတော့ ဆီမီးဖိုင်နယ်အဆင့်ရောက်ပြီ။ နက်ဖြန်နောက်တစ်ယောက် အနိုင်ရင်တော့ သူလည်းဆီမီးရောက်မယ်။ ဖိုင်နယ်ကတော့ ၁၃ ရက်နေ့ပေါ့” ဟုပြောသည်။

သူကဆက်ပြီး “ အရင်က တကယ်ကြမ်းတမ်းတဲ့ ရိုးရာလက်ဝှေ့မှာ ချင်းတွေက ဝင်မပြိုင်ဘူးပေါ့။ အချီမပြည့်ခင်မှာ ရှုံးခဲ့ကြတယ်။ အခုအနိုင်ရတဲ့ နှစ်ယောက်ကလည်း ပြိုင်ပွဲကနေ နိုင်တော့ ချင်းပြည်နယ်အနေနဲ့ ပထမဆင့်ခြေလှမ်းလှမ်းနိုင်ပြီလို့ပြောရမှာပေါ့။ ရေရှည်မှာဆိုရင် ချင်းပြည်နယ်အတွက်အလား အလာ အများကြီးရှိလာတယ်။ ချင်းပြည်သူတွေအနေနဲ့လည်း အားပေးစေချင်ပါတယ်” ဟုပြောသည်။

၁၆ ကြိမ်မြောက် မြန်မာရိုးရာလက်ဝှေ့ပြိုင်ပွဲတွင် ချင်းပြည်နယ် ကိုယ်စားပြုအဖြစ် မင်းတပ်မြို့မှ ယှဉ်ပြိုင်သူများအနေဖြင့် ၄၈ ကီလိုတန်းတွင် နိုင်းယောဟာ၊ ၆၀ ကီလိုတန်းတွင် အွမ်မာန်၊ ၇၁ ကီလို တန်းတွင် အောင်မဲန်ဟာ၊ ၄၈ ကီလိုတန်းတွင် စောသူရထွန်း နှင့် ၄၈ ကီလိုအမျိုးသမီးအလွတ်တန်းတွင် မနိုင်းအွယ် တို့ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

နည်းပြဖြစ်သူ ဦးတမ်မာန်က လက်ရှိဆီမီးဖိုင်နယ်အဆင့် တက်ရောက်နိုင်သည့် ချင်းပြည်နယ် ကိုယ်စားပြုများအနေဖြင့် အဆင်ပြေမည်ဟုယူဆရပြီး ဖိုင်နယ်ပွဲအဆင့်တွင် ကရင်ပြည်နယ်နှင့်ထိုး သတ်ရမည်ဖြစ်ခြင်းကြောင့် စိန်ခေါ်မှုရှိနေကြောင်းပြောသည်။

ဦးတမ်မာန်က “ အခုပြိုင်မယ့်သူတွေလည်း အဆင်ပြေမယ်လို့ထင်တယ်။ ဖိုင်နယ်ပွဲမှာ ကရင်တွေနဲ့ထိုးမှာ ဆိုတော့ ကရင်ဖက်ကကျတော့ ရိုးရာတစ်ခုလိုဖြစ်နေတော့ ငယ်ငယ်ကတည်းက ကစားတာပေါ့။ ကျွန်တော်တို့အနေနဲ့တော့ ဒီနှစ်ကတော့ အခြေအနေပိုကောင်းတယ်ပြောရမယ်။ ပြိုင်ပွဲနဲ့ပတ်သက်ပြီး အတွေ့အကြုံလည်းအများကြီးရှိတယ်။ အခုပြိုင်ပွဲအတွက် ဌာနဆိုင်ရာအနေနဲ့တော့ထောက်ပံ့ပါတယ်။ တခြားပြည်နယ်နဲ့တိုင်းမှာကတော့ ဆပ်ကော်မတီတွေလုပ်ပြီးထောက်ပ့ံကြတယ်။ ကရင်ပြည်နယ်ဆိုရင် သိန်းရာနဲ့ချီပြီးရန်ပုံငွေထားပြီးထောက်ပံ့ကြတယ်။ ကျွန်တော်တို့ဖက်ကကျတော့အခုကစပြီးကစားတဲ့ ပထမခြေလှမ်းဖြစ်သလို အခုပြိုင်ပွဲဝင်တဲ့သူတွေအ နေနဲ့လေ့ကျင့်ချိန်တော့နည်းနေသလိုဖြစ်တယ်။ ပြင်ဦးလွင်မှာပဲ ပူးတွဲလေ့ကျင့်တာပေါ့။ ဆယ်ရက်လောက်ပဲတပူ တပြင်းလေ့ကျင့်ရတယ်။ လေ့ကျင့်ချိန်ရမယ်ဆိုရင် ကြံ့ခိုင်မှုမှာ ရှိပေမယ့် လေ့ကျင့်ချိန်အားနည်းတာပေါ့။ ဒါပေမယ့် အရင်ကထက်အများကြီးကောင်းပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ က နှစ်ယောက်ပြိုင်တယ်။ ရှုံးတယ်။ ၂၀၁၇ ခုနှစ်ကလည်း တစ်ယောက်ပြိုင်တယ်။ သူလည်းရှုံးတယ်” ဟုပြောသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...