ကချင်စစ်ဘေးရှောင် များအတွက် ကောက်ခံထားသော ငွေများကို KBC မှတစ်ဆင့် ပေးပို့

ကချင်စစ်ဘေးရှောင် များအတွက် ကောက်ခံထားသော ငွေများကို KBC မှတစ်ဆင့် ပေးပို့
by -
Salai Khup Khup

ဖလမ်းမြို့တွင်ရှိသောချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CRCDF)မှ ကချင်စစ်ဘေးရှောင်များအတွက် ကောက်ခံရရှိထားသော ငွေသား( ၈၆) သိန်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ တစ်ဆင့် ဇွန်လ ၄ ရက်နေ့ တွင်ပေးပို့ လှူတန်းလိုက်ပြီဖြစ်သည်။

CRCDF အတွင်းရေးမှူးဆလိုင်းငယ်ပီးက " KBC က အဓိက စီမန်ခန့်ခွဲသူတွေဖြစ်တယ်၊ ဘယ်နားမှာ စစ်ဘေးရှောင် စခန်းတွေ ဖွင့်တယ်၊ ဘာတွေလိုအပ်လဲ ဆိုတဲ့အချက်လက်တွေ အသိဆုံးလို့ပြောတယ်၊ ကျွန်တော်တို့ဘက်ကစစ်ဘေးရှောင်စခန်းတွေကို သွားပြီး တိုက်ရိုက်လှူဒါန်းတာထက်စာရင် သူတို့လိုအပ်ချက်တွေ သူတို့ကဘဲ စီမန်ခန့်ခွဲ နိုင်အောင် ဆိုပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC)ကို ပေးပို့ခဲ့တယ်” ဟုပြောသည်။

အလှူငွေကောက်ခံမှူကို မေလ (၂၁) ရက်နေ့မှ စတင်ပြီး ဂိုဏ်းပေါင်းစုံ လူငယ်များမှ တစ်အိမ်တက်ဆင်း အလှူငွေ ကောက်ခံ ခြင်းဖြစ်ပြီး မေလ(၂၆) ရက်နေ့ထိကောက်ခံခဲ့ခြင်းဖြစ်သည်။

CRCDF အဖွဲ ့အနေဖြင့် အဖွဲ့ဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း ဖလမ်းမြို့နယ်အတွင်းသာ အကူညီပေးနိုင်သော်လည်း ၂၀၁၇ ခုနှစ်မှ စပြီး အခြားဒေ သများတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ကချင်စစ်ဘေးရှောင်များအတွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင်လည်း ချင်းဘာသာရေးအဖွဲ့အစည်းများအတွင်း အလှူငွေကောက်ခံလျက်ရှိပြီး ယနေ့အထိ ဒေါ်လာ ၂ သောင်းကျော်ကောက်ခံရရှိနေပြီဖြစ်ကြောင်းသိရသည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...