ကချင်စစ်ဘေးရှောင် များအတွက် ကောက်ခံထားသော ငွေများကို KBC မှတစ်ဆင့် ပေးပို့

ကချင်စစ်ဘေးရှောင် များအတွက် ကောက်ခံထားသော ငွေများကို KBC မှတစ်ဆင့် ပေးပို့
by -
Salai Khup Khup

ဖလမ်းမြို့တွင်ရှိသောချင်းလူမှုကယ်ဆယ်ရေး၊ ပြန်လည်ထူထောင်ရေးနှင့် လူမှုဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း (CRCDF)မှ ကချင်စစ်ဘေးရှောင်များအတွက် ကောက်ခံရရှိထားသော ငွေသား( ၈၆) သိန်းကို ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)မှ တစ်ဆင့် ဇွန်လ ၄ ရက်နေ့ တွင်ပေးပို့ လှူတန်းလိုက်ပြီဖြစ်သည်။

CRCDF အတွင်းရေးမှူးဆလိုင်းငယ်ပီးက " KBC က အဓိက စီမန်ခန့်ခွဲသူတွေဖြစ်တယ်၊ ဘယ်နားမှာ စစ်ဘေးရှောင် စခန်းတွေ ဖွင့်တယ်၊ ဘာတွေလိုအပ်လဲ ဆိုတဲ့အချက်လက်တွေ အသိဆုံးလို့ပြောတယ်၊ ကျွန်တော်တို့ဘက်ကစစ်ဘေးရှောင်စခန်းတွေကို သွားပြီး တိုက်ရိုက်လှူဒါန်းတာထက်စာရင် သူတို့လိုအပ်ချက်တွေ သူတို့ကဘဲ စီမန်ခန့်ခွဲ နိုင်အောင် ဆိုပြီး ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ချုပ်(KBC)ကို ပေးပို့ခဲ့တယ်” ဟုပြောသည်။

အလှူငွေကောက်ခံမှူကို မေလ (၂၁) ရက်နေ့မှ စတင်ပြီး ဂိုဏ်းပေါင်းစုံ လူငယ်များမှ တစ်အိမ်တက်ဆင်း အလှူငွေ ကောက်ခံ ခြင်းဖြစ်ပြီး မေလ(၂၆) ရက်နေ့ထိကောက်ခံခဲ့ခြင်းဖြစ်သည်။

CRCDF အဖွဲ ့အနေဖြင့် အဖွဲ့ဖွဲ့စည်းပြီး တစ်နှစ်တာကာလအတွင်း ဖလမ်းမြို့နယ်အတွင်းသာ အကူညီပေးနိုင်သော်လည်း ၂၀၁၇ ခုနှစ်မှ စပြီး အခြားဒေ သများတွင်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးနေသည့် အဖွဲ့အစည်းဖြစ်သည်။

ကချင်စစ်ဘေးရှောင်များအတွင် အမေရိကန်နိုင်ငံ အင်ဒီယားနားပြည်နယ်တွင်လည်း ချင်းဘာသာရေးအဖွဲ့အစည်းများအတွင်း အလှူငွေကောက်ခံလျက်ရှိပြီး ယနေ့အထိ ဒေါ်လာ ၂ သောင်းကျော်ကောက်ခံရရှိနေပြီဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...