ကချင်လူထုအပေါ် မြန်မာတပ်မတော်လုပ်ရပ် မီဇိုးကျောင်းသားအဖွဲ့ ပြစ်တင်ရှုံ့ချ

ကချင်လူထုအပေါ် မြန်မာတပ်မတော်လုပ်ရပ် မီဇိုးကျောင်းသားအဖွဲ့ ပြစ်တင်ရှုံ့ချ

မြန်မာ့တပ်မတော်နှင့် ကချင်လွတ်မြောက်ရေးတပ် (KIA) တို့အကြား တိုက်ပွဲများပြင်းထန်လာခဲ့ခြင်းကြောင့် တိုင်းရင်းသား ကချင် ပြည်သူလူထုအပေါ် မြန်မာ့တပ်မတော်လုပ်ရပ်များကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုံ့ချကြောင်း မီဇိုရမ်ပြည်နယ်ရှိ မီဇိုးကျောင်းသားအဖွဲ့ (Mizo Zirlai Pawl) မှ မေလ ၂၈ ရက်နေ့တွင် သဘောထားထုတ်ပြန်ခဲ့သည်။

ကချင်ပြည်သူများအနက် နာမကျန်းဖြစ်နေသူများ၊ ကလေးသူငယ်များနှင့် သက်ကြီးရွယ်အိုများကိုပြင် မြန်မာတပ်မတော်မှ ငဲ့ညှာမှုမရှိဘဲ တိုက်လေယာဉ် နှင့် လက်နက်ကြီးကျည်ဆံများ အသုံးပြုပစ်ခတ်ခြင်းအပေါ် မီဇိုးကျောင်းသားအဖွဲ့မှ အပြင်းအထန်ရှုံ့ချကြောင်း မီဇိုးသတင်းတွင် ဖော်ပြသည်။

“မြန်မာအစိုးရအနေနဲ့ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်ကြတဲ့ သက်ကြီးရွယ်အိုများနှင့် ကလေးသူငယ်များကို စားနှိပ်ရိက္ခာများ မထောက်ပံ့သည့်အပြင် ထောက်ပံ့မယ့်အဖွဲ့များကို ဟန့်တားခြင်းအပေါ် MZP အနေဖြင့် ဝမ်းနည်းကြောင်း နှင့် တိုင်းရင်းသားများအပေါ် ဖိနှိပ်ချုပ်ချယ်မှုတစ်ခုလို့ မြင်ကြောင်း” အဆိုပါ သဘောထားထုတ်ပြန်ချက်တွင် ဖော်ပြသည်။

မြန်မာအစိုးရအနေနဲ့ ကျနော်တို့ ညီအကိုများဖြစ်တဲ့ ကချင်လူမျိုးများကို မိမိနိုင်ငံသားအဖြစ် အသိအမှတ်ပြုသည်ဆိုလျှင် သူတို့၏ အခက်အခဲများကို အမြန်ဆုံးဖြေရှင်းပြီး တိုက်ပွဲအတွင်း အသုံးပြုနေသည့် လက်နက်ကြီးများကိုလည် ရပ်တန့်ရန် မြန်မာအစိုးရကို တောင်ဆိုးသည်ဟု ဆက်လက်ဖော်ပြသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...