စစ်တွေတွင် အောင်ချက်အကောင်းဆုံးမှာ အထက(၄) ၊ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးထွက်သည်မှာ အထက (၂)

စစ်တွေတွင် အောင်ချက်အကောင်းဆုံးမှာ အထက(၄) ၊ ၆ ဘာသာ ဂုဏ်ထူးရှင် ၁၀ ဦးထွက်သည်မှာ အထက (၂)
by -
စံမောင်သန်း

၂၀၁၈ ခုနှစ် က္ကသိုလ်ဝင်တန်းအောင်စာရင်း ယနေ့နံနက်က ကြေငြာရာ ရခိုင်ပြည်နယ် မြို့တော် စစ်တွေတွင် အောင်ချက်ရာခိုင်နှုန်း အကောင်းဆုံးမှာ အထက(၄) ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၄၃ ဒသမ ၉၇ ဖြစ်ကြောင်း သိရှိရသည်။

အထက(၄) မှာ အောင်ချက် အမြင့်ဆုံးဖြစ်သော်လည်း ၆ ဘာသာနှင့် ၅ ဘာသာ ဂုဏ်ထူးရှင် တစ်ဦးမှ မပါဝင်ကြောင်း သိရသည်။

အထက ၂ မှာ အောင်ချက်ရာနှုန်း အထက (၄) လောက် မကောင်းသော်လည်း ၆ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး ထွက်ပေါ်ခဲ့သည်ဟု သိရသည်။

အထက ၄ ကျောင်းအုပ်ဆရာကြီး ဦးဝင်းမောင်က “မနှစ်က အထက ၄ ရဲ့ အောင်ချက်က ၃၈ ဒသမ ၉၆ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ ၄၃ ဒသမ ၉၇ အထိ ခုန်တက်သွားပါတယ်။ အောင်ချက် အရေအတွက် များပေမယ့် အောင်တဲ့အရည်အသွေးက နည်းတယ်လို့ ပြောရပါမယ်။ မနှစ်က ၆ ဘာသာ ဂုဏ်ထူးရှင်တစ်ဦး၊ ၅ ဘာသာ ဂုဏ်ထူးရှင် ၄ ဦးပေါ်ထွက်ခဲ့ပေမယ့် ဒီနှစ်မှာတော့ ၄ ဘာသာဂုဏ်ထူးရှင် ၄ ဦးပဲ ပေါ်ထွက်ခဲ့ပါတယ်။၂၀၁၈-၂၀၁၉ စာသင်နှစ်မှာတော့ ၆ ဘာသာဂုဏ်ထူးရှင် ၅ ဦးမှန်းထားပါတယ်”ဟု နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယင်းသို့ အောင်ချက်မြင့်မားစေရန်အတွက် ကျောင်းသားများအား လိုလိုလားလားဖြင့် စာကြိုးစားချင်စိတ်များ ရှိလာအောင် နှစ်စကတည်းက သဘောတရားများ တည်ဆောက်ခဲ့သည်ဟု ဆိုသည်။

“ဒီလိုအောင်ချက်မြင်မားအတွက် ဆရာ၊ မိဘ၊ ကျောင်းသား ညှိနှိုင်းတိုင်ပင်ပြီး လုပ်တဲ့အပြင် အောက်တိုဘာ ကျောင်းပိတ်ရက်လွန်နောက်ပိုင်းမှာ ကျောင်းသားတွေကို အချိန်ပိုသင်ပေးပါတယ်။ အဲ့ဒီလို သင်ပေးတာဟာ ကျောင်းတွင်း စာမေးပွဲအတွက် ခုံစီတဲ့အထိပါ။ နောက် ကျောင်းသူ ကျောင်းသားတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကိုလည်း ထောက်ပြပေးပါတယ်”ဟု ကျောင်းအုပ်ကြီးကပြောသည်။

အထက (၂) တွင် ယခင်နှစ်ထက် အောင်ချက်ရာခိုင်နှုန်း ကျဆင်းသွားသော်လည်း ဂုဏ်ထူးရကျောင်းသားများ ပိုများလာသည်ဟု သိရသည်။

“ မနှစ်ကတော့ အောင်ချက်ရာခိုင်နှုန်း ၃၇ ဒသမ ၈၈ ရှိခဲ့ပေမယ့် ဒီနှစ်မှာတော့ အောင်ချက်က ၃၅ ဒသမ ၆၅ ရာခိုင်နှုန်း သာရှိပါတယ်။ ဒါပေမယ့် မနှစ်ကနဲ့ စာရင်တော့ ဂုဏ်ထူးရတဲ့ ဦးရေက များပြား လာပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ၅ ဘာသာက ၁၃ ဦး၊ ၄ ဘာသာက ၁၁ ဦး၊ ၃ ဘာသာက ၁၂ ဦး၊ ၂ ဘာသာက ၁၈ ဦးနဲ့ ၁ ဘာသာက ၃၁ ဦး စုစုပေါင်း ဂုဏ်ထူးရရှိဦးရေ ၉၃ ဦးရှိပါတယ်”ဟု အထက ၂ ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်စောယဉ်က ပြောသည်။

လွန်ခဲ့သည့်နှစ်က အထက ၂ တွင် ၆ ဘာသာဂုဏ်ထူးရှင် ၇ ဦးနှင့် ၅ ဘာသာ ဂုဏ်ထူးရှင် ၅ ဦးရှိခဲ့သည်ဟု သိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...