ပန်းမြောင်း၌ ကျင်းပမည့် ရခိုင်အမျိုးသားနေ့ရပ်နားလိုက်ရဟုဆို

ပန်းမြောင်း၌ ကျင်းပမည့် ရခိုင်အမျိုးသားနေ့ရပ်နားလိုက်ရဟုဆို

ရခိုင်ပြည်နယ် မင်းပြားမြို့နယ် ပန်းမြောင်းတွင် မေ ၃၀ ရက်နေ့၌ ကျင်းပရန် စီစဉ်ထားသည့် (၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို အာဏာပိုင်များမှ ဟန့်တားရာမှ ဖျက်သိမ်းလိုက်ရသည်ဟု ပန်းမြောင်းဒေသခံများက ပြောကြားသည်။

ပန်းမြောင်းဒေသခံ တစ်ဦးက “ ပန်းမြောင်းရွာသစ်ဘုန်းကြီးကျောင်းမှာ ရခိုင်အမျိုးသားနေ့ ကျင်းပမလို့ စီစဉ်ထားတာကို ပန်းမြောင်းတိုက်နယ် စခန်းမှူး လာရောက်ဟန့်တားတဲ့ အတွက် ကျင်းပခွင့်မရလိုက်ဘူး။ မြို့နယ်ထွေအုပ်ကို အကြောင်းမကြားတဲ့အတွက် မြို့နယ် တာဝန်ရှိသူတွေက ဖုန်းနဲ့ အကြောင်းကြားလာတဲ့ အတွက် ရဲစခန်းမှူးက လာရောက် ဟန့်တားတာ ဖြစ်ပါတယ်” ဟု ပြောဆိုသည်။

ပန်းမြောင်းရဲစခန်းမှူး ဦးစောရွှေသို့ ဆက်သွယ်ရာမေးမြန်းရာ ဟန့်တာခြင်း မဟုတ်ကြောင်း၊ မြို့နယ်မှ ခွင့်ပြုချက်ယူပြီးမှ ပြုလုပ်ရန် သွားရောက် ပြောဆိုခြင်းသာ ဖြစ်ကြောင်း ပြောကြားသည်။

“ မြို့နယ်ကနေပြီးတော့ ခွင့်ပြုချက်ယူပြီး လုပ်ပါလို့ ညွှန်ကြားပါတယ်။ အဲဒါကို သွားပြောတာပါ။ ဘုန်းတော်ကြီးတွေကို သွားလျှောက်တာပါ။ ဆရာတော် သံဃာတော်တွေနဲ့လည်း တွေ့ပါတယ်။ အခမ်းအနားတော့ မလုပ်ဘူး။ ဆွမ်းကပ်လှူတာလောက်ဘဲလို့ ပြောပါတယ်။ ဟန့်တားတာတော့ မဟုတ်ပါဘူး။ မြို့နယ်က ညွှန်ကြားချက်နဲ့ အညီ လုပ်ပါလို့ သွားပြောတာပါ” ဟု စခန်းမှူးက ပြောဆိုသည်။

ယခုကဲ့သို့ စခန်းမှူးမှ လာရောက်ပြောဆိုသဖြင့် ပန်းမြောင်း ရွာသစ်ဘုန်းတော်ကြီးကျောင်းတွင် ပြုလုပ်ရန် ရှိသည့် (၅) နှစ်မြောက် ရခိုင်အမျိုးသားနေ့ကို မကျင်းပရဲတော့ဘဲ ရပ်နား လိုက်ရသည်ဟု ဒေသခံများက ပြောကြားသည်။

 

May 28, 2026
ပိုးဝါ — ရခိုင်ပြည်မြို့တော် စစ်တွေတွင် အာဏာသိမ်း အစိုးရမှ ငွေ ၅ သိန်း၊ ဆန်တစ်အိတ်ဖြင့်...
May 27, 2026
ခိုင်လူလှ (ရိုးမမြေ) — သီရိလင်္ကာနိုင်ငံမှ ရခိုင်ရဟန်းတော်တစ်ပါးနှင့် သီလရှင်တစ်ပါးတို့သည်...
May 26, 2026
ဆောင်းဦးမာန် — ရခိုင်ပြည်၊မာန်အောင်မြို့၊ စမုံတဲ လေယာဉ်ကွင်းကို လုံခြုံရေးတိုးမြှင့်ပြီး...
May 25, 2026
(ပထမဆု ကျပ်သိန်း ၅ဝဝ အပါအဝင် အခြားဆုများလည်း ချီးမြှင့်မည်) မောင်စာဂ -...