ဟားခါးမြို့လမ်းဆုံ(နာရီစင်ဘေး) နေအိမ်၊ ဆိုင်ခန်း မီးလောင်မှုခြင်း၏ ဆုံးရှုံးမှု ခန့်မှန်းငွေ သိန်း နှစ်ရာငါးဆယ်ကျော်ရှိဟု မီးသတ်ဦးစီးဌာနပြော

ဟားခါးမြို့လမ်းဆုံ(နာရီစင်ဘေး) နေအိမ်၊ ဆိုင်ခန်း မီးလောင်မှုခြင်း၏ ဆုံးရှုံးမှု ခန့်မှန်းငွေ သိန်း နှစ်ရာငါးဆယ်ကျော်ရှိဟု မီးသတ်ဦးစီးဌာနပြော
by -
Salai Khup Khup
မေလ ၃၁ ရက်နေ့က ဟားခါးမြို့တွင် မီးလောင်သွားသည့် ဆိုင်ခန်းများ (photo: Chinland Post)
မေလ ၃၁ ရက်နေ့က ဟားခါးမြို့တွင် မီးလောင်သွားသည့် ဆိုင်ခန်းများ (photo: Chinland Post)

ယမန်နေ့ မေလ ၃၁ ရက်နေ့ နံနက်ပိုင်း ၂ ဝန်းကျင်တွင် ဟားခါးမြို့လမ်းဆုံ(နာရီစင်ဘေး) နေအိမ်နှင့် ဆိုင်ခန်းများမီးလောင်မှု၏ ခန့်မှန်းဆုံးရှုံးမှု တန်ဖိုး ကျပ်သိန်းနှစ်ရာ့ငါးဆယ်ကျော် ဝန်းကျင်ရှိမည်ဖြစ်ကြောင်း ဟားခါးခရိုင်မီးသတ်မှုးဦးစီးမှုးကပြောသည်။

မီးသတ်ဦးစီးဌာန ဦးစီးမှုးက " လူကတော့ သုံးယောက်သေသွားတယ် ပစ္စည်းဆုံးရှုံးမှု တန်ဖိုးကတော့ သိန်းနှစ်ရာ့ ငါးဆယ် ခုနှှစ်သိန်းနဲ ့ခုနှစ်သောင်းလောက်ရှိတယ်။ ဆုံးရှုံးမှု တန်ဖိုးကတော့ များတယ် စတိုးဆိုင်ကလည်း ကြီးတယ်ဆိုတော့လေ” ဟုပြောသည်။

မီးလောင်သွားသည့်အိမ်များမှာ ပုလဲစတိုး၊ ဦးရှန်ကုန်းနေအိမ် နှင့် ဆိုင်ခန်း လေးခု ဖြစ်ပြီး ဘေးအိမ်များတွင် ကူးစက်လောင်ကျွမ်းခဲ့သော်လည်း ဒေသခံများနှင့် မီးသတ်တပ်ဖွဲ့မှ ပြန်လည်ငြိမ်းသတ်နိုင်ခဲ့သည်။

ဟားခါးဒေသခံ တစ်ဦးဖြစ်သည့် ဆလိုင်းငွန်ဆန်းအောင်က " အိမ်အပါအဝင် ဆိုင်တွေလည်း လောင်ကုန်တာဆိုတော့ ဆုံးရှုံးမှုတန်ဖိုးက ကျပ်သိန်းထောင်ချီတော့ အနည်းဆုံးရှိမှာ။ ပုလဲစတိုးဆိုရင် စဆိုးဆိုင်ကြီးဖြစ်တဲ့အပြင် ပစ္စည်းတွေလည်း ဘာမှမထုတ်ဖြစ်ဘူး" ဟုပြောသည်။

မီးလောင်ကျွမ်းမှုတွင် Pi Hliu Ngua နှင့် Pi Van Bawizi (၄၉ နှစ်) နှင့် Pi Vui Cer ( ၈၉ နှစ်) တို့ (၃) ဦးသေဆုံးခဲ့ပြီး Pi Van Bawi Zi မှာ သြစတေးလျနိုင်ငံတွင် နေထိုင်ပြီး ခဏတာ ပြန်လာသူဖြစ်သည်။

ဟားခါးမြို ့စျေးသစ်ရပ်ကွက် မြို့လမ်းဆုံ (နာရီစင်ဘေး) တွင် ၂ နာရီုဝန်းကျင်က လောင်ကျွမ်းခဲ့သည့်မီးကို မနက်၃ နာရီဝန်းကျင်းတွင် ပြည်သူတွေနဲ ့မီးငြိမ်းနိုင် ခဲ့သည်ဟု ဟားခါးမြို ့ မီးသတ်ဦးစီးဌာန ကပြောသည်။

ဒေသခံများ၏ ပြောဆိုချက်အရ မီးစတင်လောင်ကျွမ်းသည့်နေရာသည် Pi Vui Cer တို့နေအိမ် မီးဖိုချောင်မှ စတင်လောင်ကျွမ်းသည်ဟု ပြောဆိုကြသော်လည်း သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့မှ အတည်ပြုခြင်းမရှိသေးကြောင်းသိရသည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...