၃ ရက်ဆက်တိုက် မိုးရွားသွန်းမှုကြောင့် ကလေးမြောက်ပိုင်းခြမ်း သွား လာရေးအခက်ကြုံရ

၃ ရက်ဆက်တိုက် မိုးရွားသွန်းမှုကြောင့် ကလေးမြောက်ပိုင်းခြမ်း သွား လာရေးအခက်ကြုံရ
by -
Salai C Lian

(၃) ရက် ဆက်တိုက်မိုးရွာသွန်းမှုကြောင့် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့နယ်၊ အနောက်မြောက် ဖက်ခြမ်းရှိ ကျေးရွာများသို့ သွားလာရေး အခက်ကြုံနေရကြောင်း သိရသည်။

နတ်တံခါးချောင်းတံတားမှာ ကိုမန်မုန်းတိုင်းဖြစ်ပွားစဉ်က ပျက်စီးခဲ့ပြီးနောက် အသစ်ပြန်လုပ်သည့် တံတားများလည်း နှစ်စဉ်ပျက်စီးသဖြင့် မိုးသည်းထန်စွာရွာသွန်းပါက တောင်ကျချောင်းရေ ကြီးမှုကြောင့် ယနေ့တိုင် သွားလာရေးခက်ခဲလျက်ရှိသည်။

မင်းလှကျေးရွာ အုပ်ချုပ်ရေးမှူး ကို Pa Sui က “ Mr. Toney က ကျွန်တော်တို့ကို အလှူရှင် ရှာပေးမယ်၊ အဲဒီအတွက် ကျေးလက်လမ်း ဦးစီးဌာနက အခြေခံအဆောက်အဦးကို လုပ်ပေးသွားတယ်၊ တိုင်ထူဖို့လည်း အဆင်သင့်ပါပဲ၊ လောလောဆယ်အတွက်တော့ တစ်လလောက်ကြာအုံးမယ်ဆိုတော့ ဒီကြားကာလအတွက် ကျွန်တော်လည်း အစည်းအဝေးခေါ်ထားတယ်၊ အခုက မိုးလည်းကျပြီ ဆိုတော့ ကျွန်တော်တို့ကတော့ ပြဿနာတော့ တက်နေပြီ၊ နောက်တစ်လအတွင်း တံတားထိုးပြီးနိူင်ရင်တော့ အဆင်ပြေမှာပါ” ဟု ပြောသည်။

လက်ရှိအချိန်တွင် တံတားတည်ဆောက်ဆောက်မှု လုပ်ငန်းမစနိုင်သေးခြင်းကြောင့် ဒေသခံ ရွာလူထုမှ ကျေးရွာကြားအဆင်ပြေစွာ သွားလာနိုင်ရေးအတွက် ကိုယ်ထူကိုယ်ထ တံတားငယ်များ လုပ်ဆောင်ကြရသည်။

Pa Sui က “ အခုလည်း လောလောဆယ်တော့ ယာယီတံတားအနေနဲ့ ဆိုင်ကယ်လောက် တွန်းနိူင်မယ့် အနေအထားတော့ လုပ်ဖို့လိုတယ်၊ တံတားထိုးပေးမယ့် အလှူရှင်တွေကလည်း တစ်လလောက်ကြာမယ်ဆိုတော့ ပြည်သူတွေအတွက် အဲဒါတော့ လုပ်ပေးဖို့လိုမယ်လို့ထင်တယ်” ဟု ပြောသည်။

မိုးဆက်တိုက်ရွာသွန်းမှုကြောင့် နတ်တံခါးချောင်းဖက်ခြမ်း အပြင် ကလေးမြို့ တောင်ပိုင်းဖက်ခြမ်းရှိ ဇီးချောင်းရှိရာဖက်ရှိကျေးရွာများတွင်လည်း တောင်ကျရေကြီးမှုကြောင့် သွားလာရခက်ခဲကြောင်း သိရသည်။

ဇီးချောင်းတစ်ဖက်ခြမ်းရှိ ဆားတောကျေးရွာ အုပ်ချုပ်ရေးမှူးက “ကျွန်တော်တို့ အခုက သွားလို့တော့ ရပေမဲ့ ရပ်မိရပ်ဖနဲ့ တိုင်ပင်နေတုန်းပါ၊ တောင်ကျချောင်းများလာရင်တော့ ကျွန်တော်တို့ လုံးဝချောင်းဖြတ်လို့ရမှာ မဟုတ်တော့ဘူး၊ တစ်ဖက်ရွာကလည်း ဖြတ်လို့မရဘူးဆိုတော့ မိုးရာသီ ရောက်ရင် ကျွန်တော်တို့ဖက်ရွာတွေအနေနဲ့ အမြဲဒုက္ခရောက်တ်” ဟု ပြောသည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...