ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြို့/ရွာအပြင်ဖက် ည ခြောက်နာရီနောက်ပိုင်းမထွက်ရ အမိန့်ကြောင့် နယ်ဖက်မှ မြို့ပေါ်သို့ ဆေးရုံတက်မည့် အရေးပေါ် လူနာများနှင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက်အခက် အခဲကြုံတွေ့နေရကြောင်း သိရသည်။
ပလက်ဝမြို့နယ် ရေယာဉ်ထိမ်းသိမ်းရေးတပ်ကြပ်ဦးမြှင့်တိုးက “ညမထွတ်ရအမိန် ့ထုတ်ပြန်ထားတော့ အရေးပေါ် လူနာတွေရှိလာရင် ဆရာဝန်တွေရဲ ့ ဆေးလက်မှတ်တွေနဲ ့မှ အခြားဒေသတွေကိုသွား လာခွင့်ပြုကြတယ်။ တောင်ယာလုပ်တဲ့သူတွေကိုလည်း ညဘက်တွေမှာတောမဝင်ခိုင်းဘူးလို့ ထုတ်ပြန်ထားတယ် လူထုတွေအတွက်အခက်အခဲ အများကြီးရှိတယ် “ဟုပြောသည်။
ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရခြင်းမှာ ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုများကြောင့် ညမထွက်ရ အမိန့်ကို အာဏာပိုင်များမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။
အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာနယ်နိမိတ်အချို့ အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောင်းဆရာများအနေဖြင့်လည်း ကျောင်းချိန်အတွင်း စာမသင်ရသည့်အခြေအနေများလည်းကြုံတွေ့ခဲ့ရကြောင်းသိရသည်။
အမည်အဖော်လိုသူ စစ်ပွဲဖြစ်ပွားသည့်ကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းဆရာတစ်ဦးက “ဒီဒေသမှာကရေကြောင်းကို အဓိက အားကိုးရတယ် ။ စစ်ပွဲဖြစ်တဲ့ ဒေသတွေဆိုရင်ကျောင်းတွေမှာစာသင်လို ့မရတော ့ဘူး။ ကျောင်းဆရာတွေနယ်ပြောင်းရတာတွေရှိတယ်” ဟုပြောသည်။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစွန်အဖျားကျေးရွာ အချို့တွင် AA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်ရသည့် ဒေသခံ များစွာရှိနေသကဲ့သို့ အဆိုပါ အဖြစ်အပျက်ကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်စျေးနှုန်းတက်မှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲ ကြုံတွေ့ရမှုများလည်း ရှိနေကြောင်းသိရသည်။







