ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်ကြောင့် နယ်ဖက်လူနာနှင့် တောင်သူများအခက်ခဲကြုံတွေ့

ပလက်ဝမြို့နယ်အတွင်း ညမထွက်ရ အမိန့်ကြောင့် နယ်ဖက်လူနာနှင့် တောင်သူများအခက်ခဲကြုံတွေ့
by -
Salai Khup Khup

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း မြို့/ရွာအပြင်ဖက် ည ခြောက်နာရီနောက်ပိုင်းမထွက်ရ အမိန့်ကြောင့် နယ်ဖက်မှ မြို့ပေါ်သို့ ဆေးရုံတက်မည့် အရေးပေါ် လူနာများနှင့် တောင်ယာလုပ်ငန်းလုပ်ကိုင်သည့် တောင်သူများအတွက်အခက် အခဲကြုံတွေ့နေရကြောင်း သိရသည်။

ပလက်ဝမြို့နယ် ရေယာဉ်ထိမ်းသိမ်းရေးတပ်ကြပ်ဦးမြှင့်တိုးက “ညမထွတ်ရအမိန် ့ထုတ်ပြန်ထားတော့ အရေးပေါ် လူနာတွေရှိလာရင် ဆရာဝန်တွေရဲ ့ ဆေးလက်မှတ်တွေနဲ ့မှ အခြားဒေသတွေကိုသွား လာခွင့်ပြုကြတယ်။ တောင်ယာလုပ်တဲ့သူတွေကိုလည်း ညဘက်တွေမှာတောမဝင်ခိုင်းဘူးလို့ ထုတ်ပြန်ထားတယ် လူထုတွေအတွက်အခက်အခဲ အများကြီးရှိတယ် “ဟုပြောသည်။

ယခုကဲ့သို့ အခက်အခဲကြုံတွေ့ရခြင်းမှာ ရက္ခိုင့်တပ်မတော် (AA) နှင့် အစိုးရ တပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုများကြောင့် ညမထွက်ရ အမိန့်ကို အာဏာပိုင်များမှ ထုတ်ပြန်ထားခြင်းဖြစ်သည်။

အစိုးရတပ်မတော်နှင့် ရက္ခိုင့်တပ်မတော်အကြား ပလက်ဝမြို့နယ်အတွင်းရှိ ကျေးရွာနယ်နိမိတ်အချို့ အတွင်း တိုက်ပွဲဖြစ်ပွားနေမှုကြောင့် ကျောင်းဆရာများအနေဖြင့်လည်း ကျောင်းချိန်အတွင်း စာမသင်ရသည့်အခြေအနေများလည်းကြုံတွေ့ခဲ့ရကြောင်းသိရသည်။

အမည်အဖော်လိုသူ စစ်ပွဲဖြစ်ပွားသည့်ကျေးရွာတွင် တာဝန်ထမ်းဆောင်ခဲ့သည့် ကျောင်းဆရာတစ်ဦးက “ဒီဒေသမှာကရေကြောင်းကို အဓိက အားကိုးရတယ် ။ စစ်ပွဲဖြစ်တဲ့ ဒေသတွေဆိုရင်ကျောင်းတွေမှာစာသင်လို ့မရတော ့ဘူး။ ကျောင်းဆရာတွေနယ်ပြောင်းရတာတွေရှိတယ်” ဟုပြောသည်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အစွန်အဖျားကျေးရွာ အချို့တွင် AA နှင့် အစိုးရတပ်မတော်တို့အကြား စစ်ပွဲဖြစ်ပွားမှုကြောင့် စစ်ဘေးတိမ်းရှောင်ရသည့် ဒေသခံ များစွာရှိနေသကဲ့သို့ အဆိုပါ အဖြစ်အပျက်ကြောင့် ပလက်ဝမြို့နယ်အတွင်း ကုန်စျေးနှုန်းတက်မှုများရှိနေသည့်အတွက် ဒေသခံများအနေဖြင့် အခက်အခဲ ကြုံတွေ့ရမှုများလည်း ရှိနေကြောင်းသိရသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...