ဘဏ်ချေးငွေ ပြန်မဆပ်သည့် ရခိုင်မှ လယ်သမား ၁၄၃၃ ဦးကို တရားစွဲမည်ဟုဆို

ဘဏ်ချေးငွေ ပြန်မဆပ်သည့် ရခိုင်မှ လယ်သမား ၁၄၃၃ ဦးကို တရားစွဲမည်ဟုဆို
by -
စံမောင်သန်း

မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ငွေချေးယူထားပြီး ပြန်မဆပ်သည့် ရခိုင်ပြည်နယ် မြို့နယ် ၁၂ ခုမှ လယ်သမား ၁၄၃၃ ဦးကို တရားစွဲဆိုသွားမည်ဟု သတင်းရရှိသည်။

အဆိုပါပြန်မဆပ်နိုင်သူများမှာ ၂၀၁၃ ခုနှစ်မှ ၂၀၁၆ ခုနှစ်အတွင်း ချေးငွေယူထားပြီး ပြန်မဆပ်နိုင်သူများ ဖြစ်သည်ဟု သိရသည်။

“ ကျနော်တို့ ၂၀၁၆ ဆောင်းချေးငွေအထိပေါ့၊ ကျနော်တို့ ချေးပြီးထားတဲ့ အကြွေးအမျိုးစားက ၆ မျိုးရှိပါတယ်။ မြို့နယ်အားဖြင့်တော့ ၁၂ မြို့နယ်မှာ ကျန်ပါတယ်။ တောင်သူအားဖြင့်တော့ ၁၄၀၀ ကျော်ကျော် ရှိပါတယ်။ ကျန်တဲ့အကြွေးကျန်ငွေ ကျပ်သိန်း ၅၂၀၀ လောက်ရှိပါတယ်။ သူတို့ကို တရားစွဲဆိုသွားမှာ ဖြစ်ပါတယ်”ဟု မြန်မာလယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲ ပြည်နယ် မန်နေဂျာ ဦးအေးသိန်းက ပြောသည်။

အဆိုပါတောင်သူများအား နည်းလမ်းပေါင်းစုံဖြင့် စည်းရုံးပြောဆို ကောက်ခံသော်လည်း စည်းရုံး၍ မရသည့်အနေအထားရှိနေသည့်အတွက် မြို့နယ်ချေးငွေအကြံပေးအဖွဲ့က ချေးငွေပြန်မဆပ်သည့် တောင်သူများကို တရားစွဲဆွဲရန် ဘဏ်ဝန်ထမ်းများအား လမ်းညွှန်ထားသည့်အတွက် တရားစွဲ ဆိုသွားမည်ဟု သူက ပြောဆိုသည်။

ကောက်ခံမရသေးဘဲ ကျန်ရှိနေသေးသော လယ်သမားနှင့် ငွေများမှာ စစ်တွေမြို့နယ်တွင် ၃ ဦး ရှိပြီး ၃၁ ဒသမ ၇၅ သိန်းကျပ် ရှိကြောင်း သိရသည်။

မြောက်ဦး ခရိုင်မှ မြောက်ဦးမြို့နယ်တွင် ၉ဦး ရှိပြီး ၄၄ ဒသမ ၄၀ သိန်းကျပ်၊ ကျောက်တော်မြို့နယ်တွင် ၂၂ ဦး ရှိပြီး ၁၈၆ ဒသမ ၅၀ ကျပ်နှင့် မင်းပြားမြို့နယ်တွင် ၁၂ ဦး ၁၂၅ ဒသမ ၀၀ သိန်းကျပ်တို့ ဖြစ်ကြသည်။

ကျောက်ဖြူ ခရိုင်မှ ကျောက်ဖြူမို့နယ်တွင် ၆၃၉ ဦးရှိပြီး ၁၅၃၇ ဒသမ ၂၀ သိန်းကျပ်၊ အမ်းမြို့နယ်တွင် ၁၅ ဦးရှိပြီး ၆၃ ဒသမ ၈၀ သိန်းကျပ်၊ မြေပုံမြို့နယ်တွင် ၉ ဦးရှိပြီး ၁၁၅ ဒသမ ၇၁ သိန်းကျပ် ဖြစ်သည်။

မောင်တောခရိုင်မှ မောင်တော မြို့နယ်တွင် ၁၈၇ ဦးရှိပြီး ၅၉၅ ဒသမ ၁၆ သိန်းကျပ်နှင့် ဘူးသီးတောင် မြို့နယ်တွင် ၃၂ ဦးရှိပြီး ၁၃၈ ဒသမ ၂၀ သိန်းကျပ် ဖြစ်သည်။

သံတွဲ ခရိုင်မှ သံတွဲမြို့နယ်တွင် ၁၉ ဦး ရှိပြီး ၁၀၆ ဒသမ ၅၅ သိန်းကျပ်၊ တောင်ကုတ်မြို့နယ်တွင် ၄၅၁ ဦးရှိပြီး ၂၁၄၁ ဒသမ ၆၉ သိန်းကျပ်၊ ဂွမြို့နယ်တွင် ၃၅ ဦးရှိပြီး ၁၇၉ သိန်းကျပ် ဖြစ်သည်။

စုစုပေါင်း လယ်သမား ၁၄၃၃ ဦးနှင့် အကြွေး ၅၂၉၄.၉၆ သိန်းကျပ်ဖြစ်ကြောင်း မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ် ရခိုင်ပြည်နယ်ဘဏ်ခွဲ စာရင်းဇယားအရ သိရှိရသည်။

၂၀၁၇-၂၀၁၈ မိုးစပါးစိုက်ပျိုးရာသီအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၈၆ ဘီလီယံကျပ် ထုတ်ချေးထားခဲ့ရာ မေလ ၁၇ ရက်နေ့ ထိ ၃၈ ဘီလီယံကျပ်သာ ကောက်ခံရရှိထားကြောင်း၊ လယ်သမား ၄၃ ရာခုနှုန်းသာ ချေးငွေများကိုပြန်ဆပ်နိုင်သေးကြောင်းသိရပြီး၊ တရားစွဲဆိုရာတွင် လွန်ခဲ့သည့်နှစ်က ချေးငွေထုတ်ချေးပြီး ပြန်မဆပ်နိုင်သူများ မပါဝင်ကြောင်းသိရှိရသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...