ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက်လုပ်မည့်အပေါ် ဒေသခံပြည်သူများ မလိုလား

ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက်လုပ်မည့်အပေါ် ဒေသခံပြည်သူများ မလိုလား

ချင်းပြည်နယ်အစိုးရ စည်ပင်ဘတ်ဂျက်ဖြင့် ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက် လုပ်မည့်အပေါ် ပြည်သူလူထုမှ မလိုလားကြောင်း Rih Lentlang Youth Association အကြံပေးပုဂ္ဂိုလ် Pu Zozedinga က ပြောသည်။

“လမ်းတိုးချဲ့ဖောက်လုပ်ပါက လယ်ယာမြေအချို့ ပျက်ဆီးနိုင်တယ်၊ သဘာဝဘေးမဲ့တောများလည်း ပျက်ဆီးမှာဆိုးတယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး နဂါရုံဖုရားစေတီ အနီးတွင် ဓမ္မာရုံများ တည်ဆောက် လာဖွယ်ရှိကြောင်းနှင့် ယင်းအတွက်ကြောင့် မလိုလားခြင်းမဟုတ်ဘဲ လယ်ယာမြေ နှင့် သဘာဝဘေးမဲ့တောများ ပျက်ဆီးနိုင်သည့်အပေါ် မလိုလာရခြင်းသာဖြစ်ကြောင်း ဆက်ပြောပါသည်။

လယ်ယာမြေများမှာ ပုံစံ ၇ ဖြင့် ပိုင်ဆိုင်ထားသော ဥယျာဉ်ခြံ များဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အတွက် အထိနာနိုင်မည့် ပိုင်ရှင်များနှင့် ညှိနှိုုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် လုပ်ဆောင်မည် ဆိုပါက ထောက်ခံကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရက်ကွပ် အုပ်ချုပ်ရေးမှူး ပူးချန်းလျန်နာက ယခုလို ပြောပါသည်။

“လမ်းသတ်သတ်ဖောက်ရုံနဲ့ ပျက်ဆီးဖို့ အခြေအနေတော့ မရှိပါဘူး။ အဲဒီ မြေစာတွေကို ဒီအတိုင်းလွှင့်ပစ်မယ်ဆိုရင်တော့ တချို့ နေရာမှာ လယ်ကွက်တွေ ပျက်ဆီးနိုင်တယ်။ ဒါတွေကို ပိုင်ရှင်ရှိတဲ့လူ၊ အထိနာမယ့်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက် သဘောနဲ့ လုပ်လို့ရှိရင် ထောက်ခံပါတယ်။”

ယခုလို နဂါရုံဖုရားဘက်လမ်းချဲဖို့နဲ့ပတ်သက်ပြီး မကြားသေးခင်က ချင်းပြည်နယ် အစိုးရအနေနဲ့ စည်ပင်ဘတ်ဂျက်ဖြင့် တင်တာတွေခေါ်ထားကြောင်း သိရပြီး ဘယ်သူ ပေါက်သည် ဆိုတာကို မသိရကြောင်း ပူးချန်းလျန်နာ က ဆက်ပြောပါသည်။

အဆိုပါလမ်းမှာ လက်ရှိအခြေအနေတွင် ၈ ပေ အကျယ် လမ်းသာဖြစ်ပြီး ၁၉၉၀ ပတ်ဝန်းကျင်ခန့် တွင် စစ်တပ်အစိုးရမှ ရွာသားများအား ဖောက်ခိုင်းသည့် ကန်ပတ်လမ်းဖြစ်သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...