ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက်လုပ်မည့်အပေါ် ဒေသခံပြည်သူများ မလိုလား

ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက်လုပ်မည့်အပေါ် ဒေသခံပြည်သူများ မလိုလား

ချင်းပြည်နယ်အစိုးရ စည်ပင်ဘတ်ဂျက်ဖြင့် ရိရေကန်အနီး နဂါရုံဖုရားလမ်း တိုးချဲ့ဖောက် လုပ်မည့်အပေါ် ပြည်သူလူထုမှ မလိုလားကြောင်း Rih Lentlang Youth Association အကြံပေးပုဂ္ဂိုလ် Pu Zozedinga က ပြောသည်။

“လမ်းတိုးချဲ့ဖောက်လုပ်ပါက လယ်ယာမြေအချို့ ပျက်ဆီးနိုင်တယ်၊ သဘာဝဘေးမဲ့တောများလည်း ပျက်ဆီးမှာဆိုးတယ်” လို့ အဆိုပါ ပုဂ္ဂိုလ်က ပြောပါသည်။

အဆိုပါ ကိစ္စနဲ့ပတ်သက်ပြီး နဂါရုံဖုရားစေတီ အနီးတွင် ဓမ္မာရုံများ တည်ဆောက် လာဖွယ်ရှိကြောင်းနှင့် ယင်းအတွက်ကြောင့် မလိုလားခြင်းမဟုတ်ဘဲ လယ်ယာမြေ နှင့် သဘာဝဘေးမဲ့တောများ ပျက်ဆီးနိုင်သည့်အပေါ် မလိုလာရခြင်းသာဖြစ်ကြောင်း ဆက်ပြောပါသည်။

လယ်ယာမြေများမှာ ပုံစံ ၇ ဖြင့် ပိုင်ဆိုင်ထားသော ဥယျာဉ်ခြံ များဖြစ်ကြောင်း သိရပြီး မြန်မာနိုင်ငံသည် ဒီမိုကရေစီနိုင်ငံဖြစ်သည့်အတွက် အထိနာနိုင်မည့် ပိုင်ရှင်များနှင့် ညှိနှိုုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက်သဘောတူညီမှုဖြင့် လုပ်ဆောင်မည် ဆိုပါက ထောက်ခံကြောင်း ရိခေါဒါရ်မြို့ အမှတ် (၁) ရက်ကွပ် အုပ်ချုပ်ရေးမှူး ပူးချန်းလျန်နာက ယခုလို ပြောပါသည်။

“လမ်းသတ်သတ်ဖောက်ရုံနဲ့ ပျက်ဆီးဖို့ အခြေအနေတော့ မရှိပါဘူး။ အဲဒီ မြေစာတွေကို ဒီအတိုင်းလွှင့်ပစ်မယ်ဆိုရင်တော့ တချို့ နေရာမှာ လယ်ကွက်တွေ ပျက်ဆီးနိုင်တယ်။ ဒါတွေကို ပိုင်ရှင်ရှိတဲ့လူ၊ အထိနာမယ့်ပိုင်ရှင်တွေနဲ့ ညှိနှိုင်းပြီးတော့မှ နှစ်ဦးနှစ်ဖက် သဘောနဲ့ လုပ်လို့ရှိရင် ထောက်ခံပါတယ်။”

ယခုလို နဂါရုံဖုရားဘက်လမ်းချဲဖို့နဲ့ပတ်သက်ပြီး မကြားသေးခင်က ချင်းပြည်နယ် အစိုးရအနေနဲ့ စည်ပင်ဘတ်ဂျက်ဖြင့် တင်တာတွေခေါ်ထားကြောင်း သိရပြီး ဘယ်သူ ပေါက်သည် ဆိုတာကို မသိရကြောင်း ပူးချန်းလျန်နာ က ဆက်ပြောပါသည်။

အဆိုပါလမ်းမှာ လက်ရှိအခြေအနေတွင် ၈ ပေ အကျယ် လမ်းသာဖြစ်ပြီး ၁၉၉၀ ပတ်ဝန်းကျင်ခန့် တွင် စစ်တပ်အစိုးရမှ ရွာသားများအား ဖောက်ခိုင်းသည့် ကန်ပတ်လမ်းဖြစ်သည်။

Most read this week

December 23, 2025
ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်မှာ ချင်းလက်နက်ကိုင် တော်လှန်ရေးတွင်...
December 22, 2025
ချင်းပြည်နယ် ဟားခါးမြို့ကို စစ်ဆေးရေးဂိတ်မဖြတ်ဘဲ ကျေးလက်ဒေသမှ ဆက်သွယ်သွားလာနိုင်သည့်...
December 19, 2025
မရာနယ်မြေအုပ်ချုပ်ရေးကောင်စီ-MTC သည် လိုင်လင်းပီမြို့အုပ်ချုပ်ရေးအက်ဥပဒေကို ဆွေးနွေး...
December 16, 2025
စစ်အာဏာရှင်တော်လှန်ရေး ၅ နှစ်နီးပါးရှိလာချိန်တွင် ခိုင်မာကျယ်ပြန့်သော နွေဦးတော်လှန်ရေး...