စစ်တွေ မီးလောင်မှု လူနေအိမ် ၁၇ လုံး ဆုံးရှုံး

စစ်တွေ မီးလောင်မှု လူနေအိမ် ၁၇ လုံး ဆုံးရှုံး
by -
စံမောင်သန်း

ရခိုင်ပြည်နယ် စစ်တွေမြို့ စက်ရုံစုရပ်ကွက် ကယ်ဆယ်ရေးစခန်းတွင် ယမန်နေ့ (မေလ ၁၅ ရက်နေ့)နံနက် ၁၁ နာရီ မိနစ် ၂၀ ခန့်က မီးလောင်မှု ဖြစ်ပွားပြီး လူနေအိမ် ၁၇ လုံး၊ စုစုပေါင်း တန်ဖိုး ၅၁ သိန်းကျပ်ခန့်ဖိုး ဆုံးရှုံးခဲ့သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူးက ပြောသည်။

“မီးစလောင်တာ ၁၁ နာရီ ၂၀ မိနစ်ကလို့ သိရပြီး ကျနော်တို့ ၁၁ နာရီ ၃၀ မိနစ်မှာ သတင်း ရရှိပါတယ်။ ၁၁ နာရီ ၅၀ မိနစ်မှာ မီးထိန်းနိုင်ခဲ့ပြီး၊ ၁၂ နာရီ ၁၀ မိနစ်မှာ မီးငြိမ်းသတ်နိုင်ခဲ့ပါတယ်။ မီးထဲ လူနေအိမ် ၁၅ လုံး ပါသွားပြီးတော့ ၂ လုံးကို မီးမကူးအောင် ဖြိုဖျက်လိုက်ရပါတယ်။ စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးကတော့ ၅၁ သိန်းကျပ်ခန့်ရှိပါတယ်”ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသော်ဒါက နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

အဆိုပါမီးကို မီးသတ်ကား ၆ စီး၊ ရေသယ်ယာဉ် ၅ စီး၊ မီးသတ်တပ်ဖွဲ့ဝင် ၇၀ ဦး၊ အရံ ၂၀ ဦး၊ ဒကစမှူး ဗိုလ်မှူးချုပ် နိုင်ဦး ဦးဆောင်သည့် မြန်မာတပ်မတော်သား ၁၂၃ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁၀ ဦး၊ ကြက်ခြေနီ တပ်ဖွဲ့ဝင် ၃၀ ဦးနှင့် ရပ်ကွက်သူ ရပ်ကွက်သားများက ၀ိုင်းဝန်း မီးငြိမ်းသတ်ခဲ့ကြ သည်ဟု သူက ဆက်လက်ပြောဆိုသည်။

မီးကြွင်းမီးကျန်များကို နေ့နယ် ၁ နာရီကျော်ထိ ၀ိုင်းဝန်းငြိမ်းသတ်နေကြသည်ကို တွေ့ရှိရသည်။

မီးစတင်လောင်ကျွမ်းသော အိမ်မှာ အိမ်အမှတ် ၁၅၁ ဖြစ်ပြီး၊ မီးလောင်ရခြင်း အကြောင်းအရင်းကို စုံစမ်းနေဆဲဖြစ်သည်ဟု ရခိုင်ပြည်နယ် မီးသတ်ဦးစီးမှူးရုံး ညွှန်ကြားရေးမှူး ဦးသော်ဒါပြောပြချက် အရ သိရသည်။

အဆိုမီးလောင်မှုကြောင့် တစ်စုံတစ်ရာ ထိခိုက် ဒဏ်ရာရရှိမှု မရှိကြောင်း သိရှိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...