မြန်မာ-အိန္ဒိယနယ်စပ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

မြန်မာ-အိန္ဒိယနယ်စပ်တွင် တိုက်ပွဲဆက်လက်ဖြစ်ပွား

မြန်မာ-အိန္ဒိယနယ်စပ်အနီး ပလက်ဝမြို့နယ် အထက်ပိုင်းတွင် မြန်မာ့တပ်မတော်နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ မေလ ၁၄ ရက်နေ့က ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း AA သတင်းနှင့်ပြန်ကြားရေးမှ သတင်းထုတ်ပြန်သည်။

၎င်းတိုက်ပွဲမှာ ၂၀၁၈ ခုနှစ်၊ မေလ (၁၄)ရက်နေ့၊ နံနက်(၈) နာရီခန့်မှစ၍ ကုုုုုုလားတန်မြစ်၊ အရှေ့ဖက်ကမ်း၊ ကုန်ပြင်ရွာအနီးတွင် ဖြစ်ပွားခဲ့သည်ဟု သတင်းတွင် ဖော်ပြထားသည်။

တိုက်ပွဲသည် နံနက် ၈ နာရီမှ ညနေ ၆ နာရီခန့်အထိ တိုက်လိုက် နားလိုက်ဖြင့် အဆက်မပြတ် ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲတွင် မြန်မာတပ်မတော်ဘက်မှ ထိခိုက်ဒဏ်ရာရရှိမှုများရှိကြောင်း၊ အလောင်း အချို့ကိုလည်း သိမ်းဆည်းရမိကြောင်း၊ လက်နက်ခဲယမ်းနှင့် စစ်အသုံးအဆောင် ပစ္စည်းများ သိမ်းဆည်းရမိကြောင်း အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၎င်းပြင် အေအေဖက်မှလည်းအသေးစား ဒဏ်ရာရမှုအနည်းငယ်ရရှိမှုများရှိကြောင်း ဆက်လက် ဖော်ပြထားသည်။

မြန်မာ့တပ်မတော်မှ အဆိုပါ တိုက်ပွဲဖြစ်ရာ ဒေသအတွင်း တပ်အင်အားများ နောက်ထပ် ဖြည့်တင်းမှုများရှိနေသဖြင့် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားလာဖွယ်ရှိနေကြောင်း AA ဘက်မှ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခ ကပြောကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပလက်ဝ ဒေသခံ တစ်ဦးအား နိရဥ္စရာမှ ဆက်သွယ်မေးမြန်းရာ ကုလားတန်မြစ် အထက်ပိုင်းတွင် မကြာခဏ တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းရရှိပြီး တိုက်ပွဲ ဖြစ်ပွားရာ ကုန်ပြင်ရွာသား များမှာလည်း မေလ ၃ ရက်နေ့ တိုက်ပွဲဖြစ်ပွားပြီးကတည်းက ဘေးလွတ်ရာသို့ ထွက်ပြေး သွားကြပြီဟု သူက ပြောကြားသည်။

ပလက်ဝမြို့နယ် အထက်ပိုင်း အိန္ဒိယ နယ်စပ် အနီးတွင် ယခုနှစ် မေ ၃ ရက်နေ့က တစ်ကြိမ်၊ မေ ၉ ရက်နေ့က တစ်ကြိမ် တိုက်ပွဲ ဖြစ်ပွားခဲ့သည်ဟု သိရှိရသည်။

အဆိုပါ တိုက်ပွဲသတင်းနှင့် ပတ်သက်ပြီး မြန်မာ့တပ်မတော်ဘက်မှ တစ်စုံတစ်ရာ သတင်း ထုတ်ပြန်မှု မရှိသဖြင့် တပ်မတော်၏ သဘောထားကို တင်ပြနိုင်ခြင်း မရှိပါ။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...