တောကောင်ပစ်ခြင်းကြောင့် အရေးယူသည့်ငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်ဟု လွှတ်တော်ဥက္ကဌပြော

တောကောင်ပစ်ခြင်းကြောင့် အရေးယူသည့်ငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် အသုံးပြုမည်ဟု လွှတ်တော်ဥက္ကဌပြော

ချင်းပြည်နယ်အတွင်းရှိ သားကောင်တရိစ္ဆာန်များ ပစ်ခတ်ခြင်းကြောင့် အရေးယူသည့် ငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးအတွက် ပြန်လည်အသုံးပြုသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ Pu Zo Bawi ကပြောသည်။

ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ Pu Zo Bawi က "ဥပဒေက ရှိပြီးသားပါ၊ ကျွန်တော်တို့ လွှတ်တော်အနေနဲ့ကတော့ ခရိုင်နှင့် မြို့နယ်ကို လွှဲပြီးပြီ၊ ကျေးရွာတာဝန်ခံက ဥပဒေအရထိန်း သိမ်းပေးရမည်၊ သူတို့က သားကောင်ပစ်ရင် အရေးယူမယ်။ ရတဲ့ငွေကို ကိုယ့်ကျေးရွာ ဖွ့ံဖြိုးဖို့ သုံးမယ်" ဟု ပြောသည်။

သူကဆက်ပြီး "ဥပမာ အနေနဲ့ ဌက်တစ်ကောင်ပစ်ရင် ငါးသောင်းပေါ့၊ ရတဲ့ငွေကို ကိုယ်ကျေးရွာအတွက် သုံးမည်၊ အဲဒါကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးမှာ အဓိကတာဝန်ရှိတယ်" ဟု ဆိုသည်။

ချင်းပြည်နယ်အတွင်းရှိ သားကောင်တိရိစ္ဆာန်များကို ခွင့်ပြုချက်မရှိပဲ ရိုးရာဓလေ့အရ ပစ်ခတ်ခြင်းများကို ထိထိရောက်ရောက် အရေးယူသွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် လွှတ်တော်ထံမှ သိရသည်။

"ကျွန်တော်တို့ကတော့ တိုက်ရိုက်တော့ လုပ်ဆောင်နိူင်မည်မဟုတ်ဘူး၊ လူငယ်အဖွဲ့အစည်းနဲ့ ကျွန်တော်တို့ အစိုးရပူးတွဲပြီးမှသာ ထိထိရောက်ရောက် လုပ်ဆောင်နိူင်မည်" ဟု ချင်းပြည်နယ် လွှတ်တော် ဥက္ကဌ ကဆက်လက်ရှင်းပြသည်။

အဆိုပါအကြောင်းနှင့် ပတ်သက်ပြီး အသက် ၇၀ ခန့်ရှိသော ထန်တလန်မှ Pu Nawl Cung က ယခုလိုဆိုသသည်။

"အစိုးရအနေဖြင့် ပိတ်တာကတော့ ကောင်းပါတယ်၊ ့ဒါပေမဲ့ တစ်ချို့ သားကောင်တွေက တောင်ယာကို ပျတ်စီးတာ ကတော့ ပစ်ဖို့လိုတယ်၊ အစိုးရအနေဖြင့် ပစ်သင့်မပစ်သင့်တဲ့ သားကောင်ကို သက်မှတ်ပေးဖို့ လိုတယ်လို့ ကျွန်တော်ကမြင်တယ်" ဟု ပြောသည်။

May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...
May 1, 2026
ချင်းပြည်နယ်တောင်ပိုင်း မြို့နယ်များနဲ့ မကွေးတိုင်း ယောဒေသအစပ်နေရာတွေကို စစ်ကော်မရှင်က ဧပြီလ ၃၀...
April 30, 2026
ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို ဧပြီလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၀ နာရီ ၁၅...