ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း ဝန်ကြီးအချို့နှုတ်ထွက်ခိုင်းမှု မကြာမီသိရတော့မည်ဟု လွှတ်တော်ဥက္ကဌဆို

ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း ဝန်ကြီးအချို့နှုတ်ထွက်ခိုင်းမှု မကြာမီသိရတော့မည်ဟု လွှတ်တော်ဥက္ကဌဆို
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များတွေ့ဆုံစဉ် ( photo: Salai Isaac Khen/Facebook)
ချင်းပြည်နယ် အစိုးရအဖွဲ့ဝန်ကြီးများနှင့် ချင်းအမျိုးသားတပ်ဦးခေါင်းဆောင်များတွေ့ဆုံစဉ် ( photo: Salai Isaac Khen/Facebook)

ချင်းပြည်နယ် အစိုးရအဖွဲ့အတွင်း ဝန်ကြီးအချို့ နှုတ်ထွက်ခိုင်းမှုရှိ လာနိုင်ပြီး မည်သည့်ဝန်ကြီးကိုထိုသို့ အရေးယူမည်ကိုမူ မကြာမီ သိရတော့မည်ဖြစ်ကြောင်း ချင်းပြည်နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌလည်းဖြစ်၊ လွှတ်တော်ဥက္ကဌလည်းဖြစ်သူ ပူးဇိုဘွဲက မေလ (၇) ရက်နေ့က ချင်းဝေါလ်သတင်းဌာန သို့ပြောသည်။

ပူးဇိုဘွဲက “ အပြောင်းအလဲတော့ရှိလာနိုင်တယ်။ ဒါပေမယ့် အခုတော့ အသေအချာမပြောနိုင်သေးဘူး။ လူထုအနေနဲ့ မကြာခင်သိရတော့မှာပါ” ဟုပြောသည်။

ပင်မမီဒီယာဖြစ်သည့် 7 Day သတင်းစာသို့လည်း ပူးဇိုဘွဲက ချင်းပြည်နယ် အစိုးရဝန်ကြီးတစ်ဦးကို လုပ်ငန်းတာဝန်မကျေပွန်မှုကြောင့် နှုတ်ထွက်ခိုင်းရန် လွှတ်တော်က ဆောင်ရွက်နေကြောင်း၊ အဓိကအားဖြင့် အဆိုပါဝန်ကြီးအနေဖြင့် စီမံကိန်းများ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိဟူသည့် အကြောင်းပြချက်ဖြင့် နှုတ်ထွက်ခိုင်းရန် စီစဉ်နေကြောင်း၊ ဝန်ကြီးအမည်ကို မပြောလိုသေးကြောင်း မတ်လ (၇) ရက်နေ့က အင်တာဗျူးဖြေဆိုထားသည်။

အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ချင်းပြည်နယ် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်မှ ဦးဝင်းမြင့် သမ္မတဖြစ် လာပြီးနောက်ပိုင်း ယခုကဲ့သို့အပြောင်းအလဲ ဖြစ်ပေါ်လာနိုင်မှုနှင့်ပတ်သက်ပြီး မသိရှိကြောင်း ပြောသည်။

ချင်းပြည်နယ် အစိုးရအဖွဲ့တွင် ဝန်ကြီးချုပ်အပါအဝင် ဝန်ကြီး (၆) ဦးရှိပြီး (၂) ဦးမှာ တတ်သိပညာရှင်အဖြစ် ဝန်ကြီးနေရာခေါ်ယူထားသူ (၂) ဦးရှိသည်။ တတ်သိပညာရှင်အဖြစ် ဝန်ကြီးခန့်အပ်ခံရသူများအနေဖြင့် စည်ပင်၊ လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဆလိုင်းအိုင်ဇက်ခင်နှင့် သစ်တောဝန်ကြီး မန်ဟဲန်ဒါလ် တို့ဖြစ်သည်။

၂၀၁၅ ရွေးကောက်ပွဲတွင် အနိုင်ရရှိလာပြီး ဝန်ကြီးအဖြစ် ခန့်အပ်ခံရသူများအနေဖြင့် ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးရွှေထီးယို၊ စီမံကိန်းဝန်ကြီး ဦးဝီကော နှင့် ဇိုမီးဒီမိုကရေအဖွဲ့ချုပ်ပါတီမှ လူမှုရေးဝန်ကြီး ဦးပေါင်လွင်မင်းထန်တို့ဖြစ်သည်။

ချင်းပြည်နယ် အစိုးရအဖွဲ့အနေဖြင့် ၂ နှစ်ကျော်သက်တမ်းအထိ အစိုးရအဖွဲ့အပြောင်းအလဲ နှင့် ပတ်သက်ပြီး မည်သည့်သတင်းထွက်ပေါ်မှုမရှိခဲ့ဘဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်တက်လာပြီးနောက်ပိုင်းမှ ယခုကဲ့သို့ အစိုးရအဖွဲ့ဝန်ကြီး အပြောင်းအလဲနှင့် ပတ်သက်ပြီး သတင်းများထွက်ပေါ်ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ်တွင်လည်း လုပ်ငန်းစီမံကိန်း အောင်မြင်မှုမရှိခြင်းကြောင့် စည်ပင်ဝန်ကြီး အဖြုတ်ခံရသည့် သာဓကလည်းရှိခဲ့ဖူးသည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...