မြန်မာနိုင်ငံမှတရားမဝင်တင်သွင်းသော ရူပီး သိန်း ၁၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား မီဇိုရမ်တွင် ဖမ်းဆီး

မြန်မာနိုင်ငံမှတရားမဝင်တင်သွင်းသော ရူပီး သိန်း ၁၈၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား မီဇိုရမ်တွင် ဖမ်းဆီး

မြန်မာနိုင်ငံမှ တရားမဝင်တင်သွင်းလာသော ရူပီး သိန်း ၁၈၀ ကျော် တန်ဖိုးရှိ Methamphetamine ခေါ် စိတ်ကြွဆေးပြားကို မီဇိုရမ်ပြည်နယ် Vairengte မြို့တွင် ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းက ဖမ်းဆီးခဲ့ကြောင်း သိရသည်။

မီဇိုရမ်ပြည်နယ်ကို ဖြတ်ကျော်ပြီး အာသန်ပြည်နယ်ကို တင်သွင်းမည့် အဆိုပါ စိတ်ကြွဆေးပြား Methamphetamine (အလုံးရေ ၇၃၈၀၀) ကာလတန်ဖိုးအားဖြင့် ရူပီး သိန်း ၁၈၀ ကျော် (၁၈၄၅၀၀၀၀) နဲ့အတူ ပိုင်ရှင်ဟုယူဆရသူ မဏိပူနိုင်ငံသား သုံးဦးကိုလည်း မီဇိုရမ်ရဲများက ဖမ်းဆီးခဲ့ကြောင်း မီဇိုရမ်နေ့စဉ်ထုတ်သတင်းစာ The Aizawl Post တွင် ဖော်ပြသည်။

စိတ်ကြွဆေးပြားပိုင်ရှင်ဟုယူဆရပြီး ဖမ်းဆီးခံထားရသူမှာ အမျိုးသားနှစ်ဦးနှင့်အမျိုးသမီးတစ်ဦးတို့ဖြစ်ကြောင်း သိရသည်။ ၄င်းတို့မှာ အသက် ၃၆ အရွယ် Khuplianmung ၊ အသက် ၂၃ နှစ်အရွယ် Kapmuanmang နှင့် အမျိုးသမီး Haulamniang တို့ ဖြစ်သည်။

Vairengte ၏ ပြောကြားချက်အရ ခုလို ဖမ်းဆီးထားသော တရားခံသုံးဦးတို့မှာ ဆေးပြားပိုင်ရှင်အစစ်မဟုတ်ကြောင်း Khuplianmung ဆိုသူက အဆိုပါ ဆေးပြားများကို အခကြေးငွေဖြင့် သယ်ဆောင်ပေးခြင်းဖြစ်ကြောင်း နှင့် ကျန်လူနှစ်ဦးမှာ အလယ်သဘောမျိုးနဲ့သာ လိုက်ပါလာကြောင်း ကားပေါ်မှာ စိတ်ကြွဆေးပြားများ ပါလာမှန်မသိကြကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...