မဏိပူပြည်နယ် အင်ဖားလေဆိပ်တွင် မှတ်ပုံတင်အတု ကိုင်ဆောင်လာသူ ချင်းလူမျိုး (၃) ဦး ဖမ်းဆီး

မဏိပူပြည်နယ် အင်ဖားလေဆိပ်တွင် မှတ်ပုံတင်အတု ကိုင်ဆောင်လာသူ ချင်းလူမျိုး (၃) ဦး ဖမ်းဆီး

မှတ်ပုံတင်အတုများကိုင်ဆောင်ကာ မဏိပူပြည်နယ် Imphal (အင်ဖား) လေဆိပ်မှ အိန္ဒိယပြည်မကို သွားရောက်မည့် ချင်းလူမျိုး (၃) ဦးကို Central Industrial Security Force (CISF) လုံခြုံရေးတပ်ဖွဲ့များက ပြီးခဲ့သည့် ဧပြီလ ၁၅ ရက်နေ့တွင် ဖမ်းဆီးခဲ့ ကြောင်း သိရသည်။

Imphal လေဆိပ်တွင် check-in လုပ်နေစဉ် မသင်္ကာမှုဖြင့်စစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသားများဖြစ်ကြောင်း ဝန်ခံကြပြီး အိန္ဒိယနိုင်ငံ သားကဒ်ပြားအတုအပြင်၊ ယာဉ်မောင်းလိုင်စင် နှင့် Aadhaar card များလည်း ရှာဖွေတွေ့ရှိခဲ့ကြောင်း Northeast Today တွင် ဖော်ပြသည်။

အဆိုပါ ဖမ်းဆီးခံထားရသူ ချင်းလူမျိုး (၃) ဦးတို့မှာ Dimkhawlnuam, Donlungching အမျိုးသမီးနှစ်ဦးနှင့် Sianmuankham အမျိုးသား တစ်ဦးတို့ဖြစ်သည်။

သူတို့ (၃) ဦးဟာ IndiGo လေကြောင်းလိုင်းမှတဆင့် အိန္ဒိယပြည်မ ဘန်ဂလောမြို့ကို သွားရောက်ကြမည့်သူများဖြစ်ကြောင်း သိရသည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...