သင်္ကြန်ယိမ်းအက ကရန် မတူပီမြို့နယ်ပညာရေးဌာနမှ အတင်းအဓမ္မ ညွှန်ကြား

သင်္ကြန်ယိမ်းအက ကရန် မတူပီမြို့နယ်ပညာရေးဌာနမှ အတင်းအဓမ္မ ညွှန်ကြား

အစိုးရရုံးပိတ်ရက်ဖြစ်သည့် သင်္ကြန်ပွဲတော်၌ သင်္ကြန်ယိမ်းအက ကရန် မတူပီမြို့နယ်ပညာရေးမှုးမှ ပညာရေးဝန်ထမ်းများအား အတင်းအဓမ္မစေခိုင်းသည့် ညွှန်ကြားစာကို မတ်လ (၃၀) ရက်ကတည်းက ထုတ် ဝေခဲ့ခြင်းဖြစ်သည်။

အဆိုပါတာဝန်ပေးစာတွင် ပေးအပ်သည့် တာဝန်ကို လုံးဝ(လုံးဝ) ငြန်းဆန်ခြင်း ပျက်ကွက်ခြင်းမရှိစေရေးနှင့် ငြင်းဆန်ပျက်ကွက်ပါက ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းအတိုင်း ထိထိရောက်ရောက် အရေးယူခြင်းခံရမည်ဖြစ်ကြောင်း ကြိုတင်အသိပေးအပ်သည်ဟု ပါရှိသည်။

ထိုသို့တာဝန်ပေးရခြင်းနှင့်ပတ်သက်ပြီး ဧပြီလ (၁၃) ရက်နေ့မှ (၁၇) ရက်နေ့အထိ မတူပီမြို့ပေါ်၌ ကျင်းပပြုလုပ်မည့် နှစ်သစ်ကူး မဟာသင်္ကြန်ပွဲတော်တွင် ပညာရေးဌာနမှလည်း သင်္ကြန်အကတစ်မျိုးဖြင့် ကပြတင်ဆက်ရန် ရည်ညွန်းပါ အစည်းအဝေးသဘောတူညီချက်အရ ဌာနဆိုင်ရာများနှင့် ညှိနှိုင်းကြောင်း၊ အကလေ့ကျင့်မည့်နေရာသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံး ခန်းမတွင်ဖြစ်ပြီး နေ့စဉ် နံနက် ၁ဝးဝ၀ နာရီမှ နေ့လည် ၁၂းဝ၀ နာရီ၊ ညနေ ၆းဝ၀ နာရီမှ ည ၉းဝ၀ နာရီအထိ လေ့ကျင့်ရမည်ဖြစ်ကြောင်းပါရှိသည်။

ခရစ်ယာန်ဘာသာဝင်အများစုနေထိုင်သည့် မတူပီမြို့တွင်အပြည်ပြည်ဆိုင်ရာ အလုပ်သမားများ အဖွဲ့အစည်း (ILO) ၏ မိမိဆန္ဒအလျောက်မဟုတ်ပဲ အတင်းအဓမ္မ အလုပ်ခိုင်းစေခြင်းများ မပြုလုပ်ရန်အတွက် သဘောတူ လက်မှတ်ရေးထိုးထားသည့်အပြင် မြန်မာအစိုးရသည်လည်း အဓမ္မလုပ်အားခိုင်းစေမှုပပျောက်ရေးအတွင်း ILO နှင့်ကတိကဝတ်ပြုထားသကဲ့သို့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ (၃၅၉) တွင်လည်း အဓမ္မစေခိုင်းခြင်းကို တားမြစ်ထားကြောင့် ပါရှိသည့်ကြားက ယခုကဲ့သို့ မတူပီမြို့နယ်ပညာရေးမှုးရုံးမှ အတင်းအဓမ္မ သင်္ကြန်အတွင်း ကပြဖျော်ဖြေရန် တိုက်တွန်းခြင်းဖြစ်သည်။

ဧပြီလ (၂) ရက်နေ့ကလည်း ချင်းလူ့အခွင့်အရေးအဖွဲ့အစည်းနှင့် PACE အဖွဲ့တို့မှ ချင်းပြည်နယ်အစိုးရအဖွဲ့မှ ကြီးမှုးကျင်းပသည့် သင်္ကြန်ပွဲတော်များတွင် အစိုးရဝန်ထမ်းများ ကပြဖျော်ဖြေရာ၌ မိမိဆန္ဒအလျောက် ကပြဖျော်ဖြေခြင်းမဟုတ်ပဲ အမိန့်အာဏာအသုံးပြုကာ အတင်းအဓမ္မ ကပြဖျော်ဖြေခြင်းများ ဖြစ်ကြောင်း အစိုးရဝန်ထမ်းများမှ ရင်ဖွင့်ပြောဆိုမှုများရှိသဖြင့် သင်္ကြန်ပွဲတော်များ၌ ဝန်ထမ်းများ၏ ဆန္ဒမပါဝင်ပဲ အတင်းအဓမ္မ ကပြဖျော်ဖြေစေခြင်းနှင့် ပါဝင်ဆင်နွှဲစေခြင်းများ မရှိစေရန် ချင်းပြည်နယအအစိုးရအဖွဲ့မှ ပြန်လည်သုံးသပ်ပေးပါရန်ဟု စာရေးသားတင်ပြခဲ့သည်။

May 7, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့ကနေ အစိုးရဝန်ထမ်း ဌာဆိုင်ရာ အသီးသီးက Non – CDM ဝန်ထမ်း ၁၀၀ ဝန်းကျင်...
May 6, 2026
ဖလမ်းမြို့နဲ့ ဖလမ်းမြို့နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အလုပ်လုပ်ဖို့ ...
May 5, 2026
ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ အာလွယ်ရွာအနီးနှင့် လေထန်ကုန်း (ခေါ်)...
May 2, 2026
အိန္ဒိယ - မြန်မာနယ်စပ်အနီးမှာရှိတဲ့ ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ Khawpuichhip ကျေးရွာကို...