မြန်မာလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကြာမှ ရသေ့တောင်မြို့သို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးရောက်ရှိ

မြန်မာလွတ်လပ်ရေးရပြီး နှစ်ပေါင်း ၇၀ ကြာမှ ရသေ့တောင်မြို့သို့ မဟာဓါတ်အားလှိုင်းမှ လျှပ်စစ်မီးရောက်ရှိ
by -
စံမောင်သန်း

ရခိုင်ပြည်နယ် ရသေ့တောင်မြို့တွင် မဟာဓါတ်အားလိုင်းမှ လျှပ်စစ်မီး ၂၄ နာရီရရှိပြီ ဖြစ်ကြောင်း သိရသည်။

ရသေ့တောင်မြို့သို့ မဟာဓါတ်အားလိုင်းမှ လျှပ်စစ်ဓါတ်အားကို မြန်မာနိုင်ငံ လွတ်လပ်ရရှိပြီး နှစ်ပေါင်း ၇၀ နှင့် ၂ လကျော် အကြာတွင် ရရှိခြင်း ဖြစ်သည်။

မတ်လ ၂၆ ရက်နေ့က လျှပ်စစ်ဓာတ်အား အစမ်းထုတ်လွှတ်ခဲ့ပြီးနောက်ပိုင်း ရသေ့တောင်မြို့တွင် လျှပ်စစ်မီး ၂၄ နာရီ ဆက်လက်ရရှိလျက်ရှိနေကြောင်း ရသေ့တောင် အရှေ့တောင်ရပ်ကွက်ရှိ သင်္ဘောဆိပ်မှ ဒေါ်အေးခိုင်ဖြူက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

“လျှပ်စစ်မီး ၂၄ နာရီရရှိမှုအပေါ် ဝမ်းသာအားရဖြစ်မိပါတယ်။ အခု လျှပ်စစ်မီးကို အသုံးပြုပြီး လိုအပ်တဲ့ အိမ်မှုကိစ္စ အဝဝကို ဆောင်ရွက်လို့ ရပါပြီ။ အစစအရာရာ အဆင်ပြေပါတယ် ” ဟု သူမက ပြောသည်။

ရသေ့တောင်မြို့တွင် လျှပ်စစ်မီး သုံးစွဲမှု အဆင်ပြေချောမွေ့မှုရှိစေရန် အိမ်များ၌ လျှပ်စစ်မီးကြိုး သွယ်တန်းမှုများကို ဆက်လက် ပြုလုပ်လျက်ရှိသည်ဟု သိရသည်။

“ဝမ်းသာအားရဖြစ်မိပါတယ်။ အခုဆိုရင် လျှပ်စစ်မီးကြိုး သွယ်တန်းမှုတွေကိုလည်း အိမ်တွေမှာ လုပ်နေကြပါတယ်။ ဒီလိုမျိုး ၂၄ နာရီ လျှပ်စစ်မီးရရှိတဲ့အတွက် ရသေ့တောင်မြို့ပေါ်က ပြည်သူအားလုံး ပျော်ရွှင်နေကြပါတယ်”ဟု အရှေ့တောင်ရပ်ကွက်တွင် နေထိုင်သူ ဦးမောင်စိန်ဝင်းက ပြောသည်။

ရသေ့တောင်မြို့မှ အစိုးရဝန်ထမ်းတစ်ဦးကလည်း “၂၄ နာရီ မီးရရှိတာတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ချက်ပြုတ်တာကအစ အဆင်ပြေပါတယ်။ ကျမတို့အိမ်ကတော့ ထမင်းချက်ပြုတ် ရုံလောက်ပဲ အသုံးပြုပါသေးတယ်။ အခြားအိမ်တွေမှာတော့ အသုံးအဆောင် ပြင်ဆင် ထားသလောက် အသုံးပြုနေကြပါပြီ” ဟု ပြောကြားသည်။

၄င်းလျှပ်စစ်မီးကို ရသေ့တောင်မြို့တွင် တည်ဆောက်ထားသော 66/11KV 5MVA ဓာတ်အားခွဲရုံသို့ ပုဏ္ဏားကျွန်း- ရသေ့တောင် 66 KV ဓာတ်အားလိုင်းတစ်ဆင့် ဖြန့်ဖြူးပေးနေသည်ဟု သိရသည်။

ဧပြီ ၁ ရက်နေ့တွင်လည်း ပုဏ္ဍားကျွန်း-ရသေ့တောင်ကားလမ်းနှင့် ရသေ့တောင်နှင့် ဘူးသီးတောင်ကြားရှိ တံတားများကိုလည်း ဖွင့်လှစ်သွားမည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...