ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် ခွင့်မပြုဆိုးဆေးနှင့်ရက်လွန်စားသောက်ကုန်များရောင်းချမှုရှိ/မရှိ စစ်ဆေး

ချင်းပြည်နယ် မြို့နယ်အသီးသီးတွင် ခွင့်မပြုဆိုးဆေးနှင့်ရက်လွန်စားသောက်ကုန်များရောင်းချမှုရှိ/မရှိ စစ်ဆေး

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ဦးဆောင်မှုဖြင့် ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့ကစပြီး ချင်းပြည်နယ် မြို့နယ်အသီးသီးရှိ စားသောက်ကုန်စုံဆိုင်များနှင့် ဆေးဆိုင်များတွင် စားသုံးရန် မသင့်သည့် ဆိုးဆေးပါအစားအသောက်များနှင့် သက်တမ်းကုန်ဆေးဝါးများ ရောင်းချခြင်းရှိ/မရှိ စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။

အဓိကအားဖြင့် ခွင့်မပြုဆိုးဆေးနှင့်ရက်လွန်စားသောက်ကုန်များ ရောင်းချမှုရှိ/မရှိ၊ အစိုးရခွင့်ပြုချက် လိုင်စင် ရှိ/မရှိ၊ ပြည်သူများကို ထိခိုက်စေသည့် အစားအသောက်များ ရောင်းချမှု ရှိ/မရှိ စသည်တို့ကို စစ်ဆေးခဲ့ရာ ဖမ်းဆီးရမိသော ကုန်ပစ္စည်းများကို မီးရှို့ခဲ့ကြကြောင်း မတူပီပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Facebook စာမျက်နှာတွင် ဖော်ပြသည်။

ချင်းပြည်နယ် မြို့နယ်အသီးသီးဖြစ်ကြသော ဟားခါး၊ ထန်တလန်၊ မတူပီ၊ ပလက်ဝ နှင့် ကန်ပလက် တို့တွင် တာဝန်ရှိသူများက စစ်ဆေးခဲ့ကြကြောင်း သိရသည်။

ယခုလို စစ်ဆေးခြင်းကို မြို့ပေါ်အပြင် ကျေးလက်ဒေသအထိ သွားရောက်ကာ စစ်ဆေးသွားမည်ဟု ထပ်မှန်သိရသည်။

အဆိုပါ စစ်ဆေးခြင်းကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဦးဆောင်ပြီး၊ ချင်းပြည်နယ်ရုံးဝန်ထမ်းများ၊ မြို့နယ် ကျန်းမာရေး/ထွေ/အုပ်/စည်ပင် နှင့် ရဲတပ်ဖွဲ့များပူးပေါင်းပါဝင်ခဲ့ကြသည်။

February 23, 2026
မကွေးတိုင်း၊ ဂန့်ဂေါခရိုင် တပ်ရင်း (၁၃) လှုပ်ရှားနယ်မြေအတွင်းဖြစ်သည့် ဆော - ကျောက်ထု -...
ဓါတ်ပုံ - APM
February 21, 2026
စစ်တပ်ကြောင့် အိမ်နီးနားချင်းများ ညီအစ်ကိုမောင်နှမစိတ်ဓါတ် ပျောက်ကွယ်ခဲ့ရဟု ဆို အာရက္ခဒေသ...
February 20, 2026
လက်ရှိတော်လှန်ရေးကာလတွင် ချင်းပြည်နယ်က အရွယ်ရောက်ပြီးသူတိုင်း ချင်းပြည်ကို မစွန့်ခွာဘဲ...
February 19, 2026
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်အခြေစိုက် ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) အဖွဲ့၏...