ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးမှ ပင်လုံစာချုပ်အတိုင်းပြန်ရရှိဖို့ တိုက်ပွဲဝင်ပြီး ရယူရမည်ဟု CNF ဒုဥက္ကဌဆို

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးမှ ပင်လုံစာချုပ်အတိုင်းပြန်ရရှိဖို့ တိုက်ပွဲဝင်ပြီး ရယူရမည်ဟု CNF ဒုဥက္ကဌဆို

ပြည်တွင်းစစ် ချုပ်ငြိမ်းပြီးမှ တိုင်းရင်းသားလူမျိုးများအားလုံး လိုလားတောင့်တသည့်၊ ပင်လုံစာချုပ်တွင် ရရှိမှု များကို တိုက်ပွဲဝင်ပြီး ပြန်လည်ရယူရမည်ဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး ဒုဥက္ကဌ ဒေါက်တာလျန်မှုန်း ဆာခေါင်းက ချင်းအမျိုးသားတပ်ဦး၏ နှစ် (၃၀) ပြည့် တော်လှန်ရေးနေ့အခမ်းအနား တွင်ပြောကြားသည်။

ဒေါက်တာလျန်မှုန်ဆာခေါင်းက ဒီမိုကရေစီအရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဌန်းခွင့် အခွင့်အရေး များရရှိနိုင်ရေးအတွက် ချင်းအမျိုးသားတပ်ဦးအနေဖြင့် နိုင်ငံရေးနှင့် စစ်ရေး နည်းလမ်းနှစ်သွယ်ဖြင့် ဆောင်ရွက်နေကြောင်း၊ ထို့အတွက်ကြောင့် နိုင်ငံရေးပြသနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းနိုင်ဖို့အတွက် ချင်းအမျိုးသားတပ်ဦးအနေဖြင့် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးစာချုပ်ချုပ်ဆိုခဲ့ကြောင်းနှင့် နိုင်ငံရေးဆွေးနွေး ပွဲအဆင့်ဆင့်နှင့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံကို တက်ရောက်ပြီး ပြည်ထောင်စု သဘောတူ စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

သူကဆက်ပြီး အဆိုပါအခွင့်အရေးများအတွက် ချင်းအမျိုးသားတပ်ဦးအနေဖြင့် သံဓိဋ္ဌာန်ချထားပြီးဖြစ်ကြောင်း၊ မရမက ရရှိသည့်အထိ ချင်းအမျိုးသားတပ်ဦး အနေဖြင့် ပြည်သူလူထုတစ်ရပ်လုံးနှင့်သော်လည်းကောင်း၊ ချင်းပြည်သူတစ်ရပ်လုံးသော်လည်းကောင်း၊ ချင်းတစ်မျိုးသားလုံးနှင့်သော်လည်းကောင်း၊ လက်တွဲတိုက်ပွဲဝင် သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ချင်းအမျိုးသားတပ်ဦး၏ တော်လှန်ရေးနှစ် (၃၀) ပြည့်အခမ်းအနားကို ချင်းအမျိုးသားတပ်မတော် စစ်ဌာနချုပ် ဖြစ်သည့် ထန်တလန်မြို့နယ်တွင်းရှိ အိန္ဒိယနယ်စပ် ဗစ်တိုးရီးယားစခန်းတွင် မတ်လ (၂၀) ရက်နေ့က ကျင်းပခဲ့သည်။

ဓာတ်ပုံ - Crd
August 28, 2026
ချင်းပြည်၊ ဟားခါးမြို့နယ်၊ ချွန်ကျုံးကျေးရွာ နှစ်ခြင်းအသင်းတော်မှ သင်းအုပ်ဆရာတော် Reverend...
ဓာတ်ပုံ - Crd
August 27, 2026
စစ်ကိုင်းတိုင်း၊ ကလေးမြို့တွင် အငှားယာဉ်မောင်းနှင်နေသည့် အသက် ၂၇ နှစ်အရွယ် ချင်းလူငယ် Pa Do Sian...
ဓာတ်ပုံ - (CPU/CPA က ဂိတ်ဆောက်လုပ်မှုကို ဒေသခံများ ကန့်ကွက် ဆန္ဒဖော်ထုတ်နေစဉ်)
August 24, 2026
ချင်းပြည်၊ မတူပီမြို့နယ်၊ လေဆင်းကျေးရွာတွင် ချင်းပြည်သူ့အစည်းအရုံး/ ချင်းပြည်သူ့တပ်မတော် (CPU/...
ဓါတ်ပုံ - Crd
August 15, 2026
ချင်းပြည်၊ တီးတိန်မြို့တွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၆ နှစ်ခန့်...