နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများကို ၀တ်ဆင်ခြင်းမပြုရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ သတိပေး

နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများကို ၀တ်ဆင်ခြင်းမပြုရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ သတိပေး
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍန်ပုံစံဖြင့် ယူနီဖောင်းများကို ဝတ်ဆင်ခြင်း မပြုရန် အသိပေးရှင်းလင်းပွဲ တစ်ခုကို စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့ ကစ္ဆပနဒီခန်းမတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းအသိပညာပေးရှင်းလင်းပွဲကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးမှ တက်ရောက် ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်သည့် ပြည်သူများအနေဖြင့် တပ်မတော်နှင့် လုံခြုံရေး ဝန်ထမ်း ဝတ်စုံများအပါအဝင် အစိုးရဌာနဆိုင်ရာယူနီဖောင်များနှင့် ဆင်တူဆင်မှားဖြစ်စေသည့် ဝတ်စုံများကို ဝတ်ဆင်အသုံးပြုပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု ရခိုင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။

“နိုင်ငံတော်က သတ်မှတ်ထားတဲ့ ယူနီဖောင်းတွေကို၊ ဝတ်စုံတွေကို တုပပြီးတော့ ချုပ်လုပ်ဝတ်ဆင် တာတွေကို ဒီနေ့ဒီအချိန်ကစပြီးတော့ မလုပ်မိစေဖို့ ပြောလိုပါတယ်။ နောင်ကိုလည်း မလုပ်မိစေဖို့ပါဘဲ။ အသိအမှတ်ပြု အဖွဲ့အစည်းတွေ အနေနဲ့လည်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာလျှင် ချုပ်လုပ် ဝတ်ဆင်ကြဖို့ အကြုံပြုလိုပါတယ်” ဟု ရခိုင်ပြည်နယ် ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

အစိုးရဌာနဆိုင်ရာ ယူနီဖောင်းများကို ခွင့်ပြုချက်မဲ့ဝတ်ဆင်အသုံးပြုပါက ပုဒ်မ(၆)ပုဒ်မခွဲ(၃)အရ ထောင်(၂)နှစ်၊ ငွေဒဏ် တစ်ရပ်ရပ် ဖြစ်စေ ကျခံရမည်ဟု ပါရှိကြောင်း သိရသည်။

“တကယ်တန်း ဒါတွေဟာ တည်ဆဲဥပဒေအရပြောရမယ်ဆိုရင် ရောင်းချပိုင်ခွင့်လည်းမရှိဘူး။ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမှန်မှာတော့ ပြင်ပမှာ တပ်မတော်အ သုံးဆောင်၊ ရဲအသုံး အဆောင် တွေကို ရောင်းချခွင့်မရှိပါဘူး” ဟု ရဲမှူးကြီးက ပြောသွားသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...