နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများကို ၀တ်ဆင်ခြင်းမပြုရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ သတိပေး

နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ ယူနီဖောင်းများကို ၀တ်ဆင်ခြင်းမပြုရန် ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့ သတိပေး
by -
နောင်ခိုင်အောင်

ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့၏ နိုင်ငံတော်လုံခြုံရေး အဖွဲ့အစည်းများ၏ အသွင်သဏ္ဍန်ပုံစံဖြင့် ယူနီဖောင်းများကို ဝတ်ဆင်ခြင်း မပြုရန် အသိပေးရှင်းလင်းပွဲ တစ်ခုကို စစ်တွေမြို့ အရန်ရဲတပ်ဖွဲ့ ကစ္ဆပနဒီခန်းမတွင် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ပြုလုပ်ခဲ့သည်။

၎င်းအသိပညာပေးရှင်းလင်းပွဲကို ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုးမှ တက်ရောက် ရှင်းလင်း ပြောကြားခဲ့သည်။

မြန်မာနိုင်ငံအတွင်း နေထိုင်လျက်သည့် ပြည်သူများအနေဖြင့် တပ်မတော်နှင့် လုံခြုံရေး ဝန်ထမ်း ဝတ်စုံများအပါအဝင် အစိုးရဌာနဆိုင်ရာယူနီဖောင်များနှင့် ဆင်တူဆင်မှားဖြစ်စေသည့် ဝတ်စုံများကို ဝတ်ဆင်အသုံးပြုပါက တည်ဆဲဥပဒေအရ ထိရောက်စွာ အရေးယူသွားမည်ဟု ရခိုင်ပြည်နယ် ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက ပြောဆိုသည်။

“နိုင်ငံတော်က သတ်မှတ်ထားတဲ့ ယူနီဖောင်းတွေကို၊ ဝတ်စုံတွေကို တုပပြီးတော့ ချုပ်လုပ်ဝတ်ဆင် တာတွေကို ဒီနေ့ဒီအချိန်ကစပြီးတော့ မလုပ်မိစေဖို့ ပြောလိုပါတယ်။ နောင်ကိုလည်း မလုပ်မိစေဖို့ပါဘဲ။ အသိအမှတ်ပြု အဖွဲ့အစည်းတွေ အနေနဲ့လည်း သက်ဆိုင်ရာ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ခွင့်ပြုချက်ကို ရယူပြီးမှသာလျှင် ချုပ်လုပ် ဝတ်ဆင်ကြဖို့ အကြုံပြုလိုပါတယ်” ဟု ရခိုင်ပြည်နယ် ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးက ပြောသည်။

အစိုးရဌာနဆိုင်ရာ ယူနီဖောင်းများကို ခွင့်ပြုချက်မဲ့ဝတ်ဆင်အသုံးပြုပါက ပုဒ်မ(၆)ပုဒ်မခွဲ(၃)အရ ထောင်(၂)နှစ်၊ ငွေဒဏ် တစ်ရပ်ရပ် ဖြစ်စေ ကျခံရမည်ဟု ပါရှိကြောင်း သိရသည်။

“တကယ်တန်း ဒါတွေဟာ တည်ဆဲဥပဒေအရပြောရမယ်ဆိုရင် ရောင်းချပိုင်ခွင့်လည်းမရှိဘူး။ လိုအပ်သလိုအရေးယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ အမှန်မှာတော့ ပြင်ပမှာ တပ်မတော်အ သုံးဆောင်၊ ရဲအသုံး အဆောင် တွေကို ရောင်းချခွင့်မရှိပါဘူး” ဟု ရဲမှူးကြီးက ပြောသွားသည်။

May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...
April 29, 2026
ခိုင်လူလှ (ရိုးမမြေ) — ရခိုင်ရိုးမရှေ့ဖက်ခြမ်း၊တောင်ကုတ်- ပန်းတောင်းလမ်းဘေးရှိကပစ (၁၆)၏ ...