Published
Sunday, February 11, 2018
မြန်မာဘာသာ အစီအစဉ် (ဖေဖော်ဝါရီလ ၁၁၊ ၂၀၁၈)
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေထိုးတာဟာ လက်နက်ချတာမဟုတ်သလို မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်လည်း မဟုတ်ဘူးလို့ မွန်ပြည်သစ်ပါတီက ပြောပါတယ်။
ကရင်ပြည်နယ်က လယ်ယာပြဿနာဖြေရှင်းမှုမှာ ကြန့်ကြာနေတဲ့အတွက် ဖားအံမြို့မှာ လယ်ယာမြေအရေးလှုပ်ရှားသူတွေနဲ့ ဒေသခံလယ်သမားတွေက ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ရခိုင်ပြည်နယ်မှာ နှစ်ပေါင်း (၂ဝ)ကျော်အကြာကဖောက်လုပ်ထားတဲ့ ပေါက်တော-တောင်ညိုလမ်း လမ်းမကောင်းလို့ ဒေသခံတွေနဲ့ ကျောင်းဆရာ၊ ဆရာမတွေ အခက်တွေ့နေရပါတယ်။






