မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အတည်ပြု

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အတည်ပြု

မြောက်ဦးအရေးအခင်းပြီးနောက် ပြောင်းရွေ့ခံရသူ ယခင်မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေက လုပ်ကြံသတ်ဖြတ်ရသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

”သေဆုံးသွားတာ မှန်ပါတယ်။ ဒီကနေ့[ဇန်နဝါရီ ၃၀] ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ကားလမ်းပေါ်မှာ ကားနဲ့သွားနေတုန်း လုပ်ကြံခံရတာဖြစ်ပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ လူသုံးဦးက လုပ်ကြံပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

ယခုအခါ သတ်ဖြတ်သွားသူများကို အပူတပြင်း လိုက်လံပြီး ရဲက ရှာဖွေနေကြောင်း ပြောကြားသည်။

ဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို စစ်တွေမြို့သို့ လက်ထောက် ညွှန်မှူး အဖြစ်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

”မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်သလားဆိုတာတော့ မပြောနိုင်သေးဘူး။ အခု လူသတ်တရားခံတွေကို လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ဘယ်လို ဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ဘိိုဘိုမင်းသိုက်၏ အလောင်းကို ရဲကဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...