မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အတည်ပြု

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်းဘိုဘိုမင်းသိုက် လုပ်ကြံခံရမှု ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး အတည်ပြု

မြောက်ဦးအရေးအခင်းပြီးနောက် ပြောင်းရွေ့ခံရသူ ယခင်မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဘိုဘိုမင်းသိုက် ဇန်နဝါရီ ၃၀ ရက်နေ့ ညနေက လုပ်ကြံသတ်ဖြတ်ရသည်မှာ ဟုတ်မှန်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးတင်မောင်ဆွေက နိရဥ္စရာ သတင်းဌာနသို့ အတည်ပြုပြောကြားသည်။

”သေဆုံးသွားတာ မှန်ပါတယ်။ ဒီကနေ့[ဇန်နဝါရီ ၃၀] ညနေ ၅ နာရီခန့်မှာ ပုဏ္ဍားကျွန်းမြို့နယ် သရက်ချိုကျေးရွာအနီး ကားလမ်းပေါ်မှာ ကားနဲ့သွားနေတုန်း လုပ်ကြံခံရတာဖြစ်ပါတယ်။ ကားပေါ်မှာ အတူပါလာတဲ့ လူသုံးဦးက လုပ်ကြံပြီး ထွက်ပြေးသွားတယ်လို့ သိရပါတယ်” ဟု ဦးတင်မောင်ဆွေက ပြောကြားသည်။

ယခုအခါ သတ်ဖြတ်သွားသူများကို အပူတပြင်း လိုက်လံပြီး ရဲက ရှာဖွေနေကြောင်း ပြောကြားသည်။

ဘိုဘိုမင်းသိုက်သည် မြောက်ဦးဖြစ်စဉ် ဖြစ်ပွားပြီးနောက် ချက်ချင်းဆိုသလို စစ်တွေမြို့သို့ လက်ထောက် ညွှန်မှူး အဖြစ်ဖြင့် ပြောင်းရွှေ့ခံခဲ့ရသည်။

”မြောက်ဦး ဖြစ်စဉ်နဲ့ ဆက်စပ်သလားဆိုတာတော့ မပြောနိုင်သေးဘူး။ အခု လူသတ်တရားခံတွေကို လိုက်လံ ဖမ်းဆီးနေတဲ့ အတွက် ဘယ်လို ဖြစ်တယ်ဆိုတာ မပြောနိုင်သေးပါဘူး” ဟု ပြည်နယ်အုပ်ချုပ်ရေးမှူးက ဆက်လက်ပြောကြားသည်။

ဘိိုဘိုမင်းသိုက်၏ အလောင်းကို ရဲကဆက်လက်ထိန်းသိမ်းထားသည်ဟု သိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...