မင်းပြားစည်းထိန်းနှင့် လူမှုအဖွဲ့အစည်းများမှ မြောက်ဦးမှကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရရှိသူများအား ကျပ်သိန်း(၅၀)လှူ

မင်းပြားစည်းထိန်းနှင့် လူမှုအဖွဲ့အစည်းများမှ မြောက်ဦးမှကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရရှိသူများအား ကျပ်သိန်း(၅၀)လှူ
by -
မဘုကေ

မြောက်ဦးမြို့ ဖြစ်စဉ်တွင် သေဆုံးသွားခဲ့ရသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိသူများအား မင်းပြားမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး သံဃာတော်များဦးဆောင်သည့် လူမှုအဖွဲ့့အစည်းများမှ အလှူငွေကျပ် သိန်း (၅၀) လှူဒါန်းခဲ့ကြောင့် သတင်းရရှိသည်။

သေဆုံးသွားသူများ၏ မိသားစု တစ်စုလျှင် ကျပ် ၄သိန်း၊ မြောက်ဦးဆေးရုံတွင် ကုသနေသူများအား တစ်ဦးလျှင် ၁သိန်းခွဲခန့် လှူဒါန်းခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ ဆေးရုံတွင် ဆေးတက်ရောက်ကုသနေစဉ် အဖမ်းခံနေရသည့် လူငယ် ၈ဦးကိုလည်း တစ်ဦးလျှင် အလှူငွေ ကျပ် ၂သိန်းကျစီ လှူဒါန်းခဲ့သည်။

“ မင်းပြားမြို့က လူ့အဖွဲ့အစည်းတွေ ပူပေါင်းပြီး မြောက်ဦး ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။စုစုပေါင်း သိန်း ၅၀ ခန့်လောက်လှူဒါန်းခဲ့ပါတယ်” ဟု မင်းပြားမြို့မှ ပါဝင်လှူဒါန်းသူ ဦး သိန်းဇံ ကပြောသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် မြောက်ဦးမြို့ရှိဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူ မိသားစုဝင်များအား လှူဒါန်းခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်တွေဆေးရုံတွင် ကုသနေသူ ၈ဦးအားလှူဒါန်းခဲ့သည် ဟုသိရသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...