မင်းပြားစည်းထိန်းနှင့် လူမှုအဖွဲ့အစည်းများမှ မြောက်ဦးမှကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရရှိသူများအား ကျပ်သိန်း(၅၀)လှူ

မင်းပြားစည်းထိန်းနှင့် လူမှုအဖွဲ့အစည်းများမှ မြောက်ဦးမှကျန်ရစ်သူမိသားစုနှင့် ဒဏ်ရာရရှိသူများအား ကျပ်သိန်း(၅၀)လှူ
by -
မဘုကေ

မြောက်ဦးမြို့ ဖြစ်စဉ်တွင် သေဆုံးသွားခဲ့ရသူများ၏ မိသားစုများနှင့် ဒဏ်ရာရရှိသူများအား မင်းပြားမြို့ စည်းကမ်းထိန်းသိမ်းရေးနှင့် ကူညီစောင့်ရှောက်ရေး သံဃာတော်များဦးဆောင်သည့် လူမှုအဖွဲ့့အစည်းများမှ အလှူငွေကျပ် သိန်း (၅၀) လှူဒါန်းခဲ့ကြောင့် သတင်းရရှိသည်။

သေဆုံးသွားသူများ၏ မိသားစု တစ်စုလျှင် ကျပ် ၄သိန်း၊ မြောက်ဦးဆေးရုံတွင် ကုသနေသူများအား တစ်ဦးလျှင် ၁သိန်းခွဲခန့် လှူဒါန်းခဲ့သည်ဟု သိရသည်။

စစ်တွေမြို့ ဆေးရုံတွင် ဆေးတက်ရောက်ကုသနေစဉ် အဖမ်းခံနေရသည့် လူငယ် ၈ဦးကိုလည်း တစ်ဦးလျှင် အလှူငွေ ကျပ် ၂သိန်းကျစီ လှူဒါန်းခဲ့သည်။

“ မင်းပြားမြို့က လူ့အဖွဲ့အစည်းတွေ ပူပေါင်းပြီး မြောက်ဦး ဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူတွေနဲ့ သေဆုံးသူတွေရဲ့ မိသားစုဝင်တွေကို အလှူငွေတွေ ပေးအပ်ခဲ့ပါတယ်။စုစုပေါင်း သိန်း ၅၀ ခန့်လောက်လှူဒါန်းခဲ့ပါတယ်” ဟု မင်းပြားမြို့မှ ပါဝင်လှူဒါန်းသူ ဦး သိန်းဇံ ကပြောသည်။

ဇန်နဝါရီလ ၂၄ ရက်တွင် မြောက်ဦးမြို့ရှိဒဏ်ရာ ရရှိသူများနှင့် သေဆုံးသူ မိသားစုဝင်များအား လှူဒါန်းခဲ့ပြီး ဇန်နဝါရီလ ၂၅ ရက်နေ့တွင် စစ်တွေဆေးရုံတွင် ကုသနေသူ ၈ဦးအားလှူဒါန်းခဲ့သည် ဟုသိရသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...