ချင်းပြည်နယ်တွင် လက်သမားနှင့် ပန်းရံ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းသားခေါ်ယူနေ

ချင်းပြည်နယ်တွင် လက်သမားနှင့် ပန်းရံ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းသားခေါ်ယူနေ

ချင်းပြည်နယ် ဟားခါးမြို့ရှိ ချင်းပြည်နယ်အစိုးရ လက်မှုသိပ္ပံကျောင်း (ဟားခါး) နှင့် ချင်းအရပ်ဖက်အဖွဲ့အစည်း ကွန်ယက်တို့မှ ပြည်နယ်အတွင်း လူငယ်များ အလုပ်ဖန်တီးပေးရေး အစီအစဉ်ဖြင့် လက်သမားနှင့် ပန်းရံ ကျွမ်းကျင်မှုဆိုင်ရာ သင်တန်းအတွက် သင်တန်းသား၊သူများ ခေါ်ယူနေသည်။

သင်တန်းကို ၂၀၁၈ ခုနှစ် ဇန်နဝါရီလ(၁၅) ရက်နေ့မှ (၃၁) ရက်နေ့အထိဖွင့်လှစ် မည်ဖြစ်ကြောင်း ၄င်းတို့၏ သင်တန်းသားခေါ်ယူရေး ဖိတ်ခေါ်စာတွင်ဖေါ်ပြထားသည်။

ချင်းပြည်နယ်အတွင်း လူငယ်များ အလုပ်ရရှိစေရေးနှင့် အလုပ်လက်မဲ့ဖြေရှင်းပေးနိုင်ရေးအတွက် ချင်းပြည်နယ် အစိုးရ လက်မှုသိပ္ပံကျောင်း (ဟားခါး)နှင့် ချင်းအရပ်ဖက်အဖွဲ့အစည်း ကွန်ယက်တို့မှ ဒုတိယ အကြိမ်ဖွင့် လှစ်မည့် သင်တန်းဖြစ်သည်။

“ချင်းလူငယ်တွေ ကျွမ်းကျင်လုပ်သားနည်းပါးနေတယ်။ အဲလိုနည်းပါးတဲ့အတွက် ပြည်မက လုပ်သားတွေ ကျတော်တို့ချင်းပြည်နယ်မှာ အလုပ်လာလုပ်ကြတယ်။ ဘာလုပ်ငန်းမဆို ကျွမ်းကျွမ်းကျင်ကျင် လုပ်ကိုင် နိုင်မှ

ကျတော်တို့ပြည်နယ်အတွက်၊ မိမိတို့ ဝမ်းစာအတွက် အကျိုးရှိမှာမို့ အခုလိုသင်တန်းမျိုးစုံ လုပ်ပေးနေတာ ဖြစ်တယ်” ဟု လက်မှုသိပ္ပံကျောင်း (ဟားခါး) ကျောင်းအုပ်ဆရာကြီး ပူးတလွန်ဇထန်းက ဆိုသည်။

ဤသင်တန်းကို ဇန်နဝါရီလ ပထမပတ်မှစတင်ရန် စီစဉ်ခဲ့သော်လည်း သင်တန်းတက်ရောက်မည့် လူငယ်များ စာရင်းပေးသွင်းခြင်းမရှိသောကြောင့် ဇန်နဝါရီလ (၁၅) ရက်နေ့မှ (၃၁) ရက်နေ့အထိ ပြန်လည်ရွှေ့ဆိုင်းခြင်း

ဖြစ်ကြောင်းသိရသည်။

လက်မှုသိပ္ပံကျောင်း (ဟားခါး)နှင့် ချင်းအရပ်ဖက်အဖွဲ့အစည်း ကွန်ယက်တို့မှ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် သြဂုတ်လမှ စက်တင်ဘာလအထိ အခြေခံ ကွန်ပြူတာ၊ လျှပ်စစ်ဝိုင်ယာ သွယ်တန်းခြင်းနှင့် မော်တော် ဆိုင်ကယ် ပြုပြင်ရေး သင်တန်း ကျင်းပပြုလုပ်ပေးခဲ့ရာ လူငယ် (၄၀) ဦးတက်ရောက်နိုင်ခဲ့ကြောင်း သိရသည်။

“အခုလို သင်တန်းမျိုး လုပ်ပေးတာ လူငယ်တွေ လုပ်ငန်းကျွမ်းကျင်လာဖို့ဖြစ်တယ်။ အဓိက ကတော့ ချင်းလူငယ် တွေဟာ နိုင်ငံခြားမှာ ရောက်ရှိလာတဲ့ ဆွေမျိုးတွေက ဒီမှာရှိနေကြတဲ့ လူငယ်တွေအတွက် ငွေပို့ ပေး လာကြ တယ်။ အဲဒါကိုဘဲ မှီခိုကြတယ်။ ကိုယ့်ဘက်က ဘယ်လိုဝင်ငွေရအောင် ကြိုးစားကြမလဲဆိုတာ မစဉ်း စားကြတော့ဘူး။ ဒါကြောင့် အခုလိုအခမဲ့ သင်တန်းလုပ်ပေးတဲ့အခါ လူငယ်နာမည်စာရင်းပေးသွင်းတာနည်းလာ တာဖြစ်တယ်”ဟု ချင်းအရပ်ဖက်အဖွဲ့အစည်း ကွန်ယက်မှ သင်တန်းညှိနှိုင်းရေးမှူး ဆလိုင်း ဒေနယ်လ် လာလ်ကျူံးနန်းက ခိုနုမ်းသုန်သတင်းဌာနကို ပြောဆိုခဲ့သည်။

ချင်းလူငယ်များ လုပ်ငန်းကျွမ်းကျင်နိုင်ရန်နှင့် ချင်းပြည်နယ်တွင် ကျွမ်းကျင်လုပ်သား ပိုမိုများပြားလာစေရန် ကျွမ်းကျင်လုပ်သား မွေးထုတ်ရေးသင်တန်းများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း လက်မှုသိပ္ပံကျောင်း (ဟားခါး) ကျောင်းအုပ်ဆရာကြီးက ပြောကြားခဲ့သည်။

May 8, 2026
ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် စစ်အစိုးရအုပ်ချုပ်ရေးယန္တရာများကို ပြန်လည်ပတ်နိုင်ရေးအတွက်...
May 7, 2026
ချင်းပြည်နယ် ဖလမ်းမြို့ကို အာဏာသိမ်းစစ်တပ်က သိမ်းပိုက်ပြီးနောက်...
May 6, 2026
အသွင်ပြောင်းစစ်အစိုးရသမ္မတ ဖြစ်လာသူ၊ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ချင်းပြည်နယ်မှာ...
May 5, 2026
အာဏာသိမ်းတပ်၏ ချင်းပြည်တောင်ပိုင်းထိုးစစ်များကို ခုခံတွန်းလှန်ရန်အတွက် ချင်းပြည်သူ့တပ်မတော် (CPU...