AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်၍ တရားစွဲဆိုခံရသူ ကိုလှထွန်းကျော်အား (၅)ကြိမ်မြောက် ရုံးထုတ်

AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်၍ တရားစွဲဆိုခံရသူ ကိုလှထွန်းကျော်အား (၅)ကြိမ်မြောက် ရုံးထုတ်
by -
ကျော်ဝင်း

AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်မှုကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသော ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ကိုလှထွန်းကျော် ကို ဇန်နဝါရီလ(၅)ရက်နေ့က (၅)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မီးပုံးပျံလွှတ်တင်မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ရုံးထုတ်လာစဉ် ကိုလှထွန်းကျော်အား မေးမြန်းခဲ့ရာ‘‘ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ခံစားရတယ်။ ဒီကိစ္စမျိုး ဒီနိုင်ငံမှာ မရှိသင့်ပါ။ အလွန်တရာ လူသားချင်း ကိုယ်ချင်းမစာ ဖြစ်မှု တစ်ခုပါ’’ဟု ပြောကြားခဲ့သည်။

AA စစ်ဦးစီးချုပ်၏ (၃၉) နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် မီးပုံးပျံ လွတ်တင်မှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုင်ဝင်ဘာလ(၁၂)ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် တရား စွဲဆိုခဲ့သည်။

တရားလိုအနေဖြင့် ကျောက်ဖြူမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ကျော်ဇောကို စစ်ဆေးခဲ့ပြီး အမှုစစ် အနေဖြင့်လည်း စစ်ဆေးရန်လည်း ရှိသေးကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးတင်မြင့် ကပြောသည်။

‘‘ အမှုအခြေအနေကတော့ ဥပဒေအရ ကောင်းပါတယ်။ ဘယ်လိုဆုံးဖြတ်လာမလဲတော့ မသိဘူး။ မီးပုံးပျံတင်လို့ တရားစွဲတာပါ။ ဇန်နဝါရီလ(၁၉)ရက်နေ့သို့ ထပ်မံချိန်းလိုက်တယ်’’ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...