AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်၍ တရားစွဲဆိုခံရသူ ကိုလှထွန်းကျော်အား (၅)ကြိမ်မြောက် ရုံးထုတ်

AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်၍ တရားစွဲဆိုခံရသူ ကိုလှထွန်းကျော်အား (၅)ကြိမ်မြောက် ရုံးထုတ်
by -
ကျော်ဝင်း

AA စစ်ဦးစီးချုပ်၏ မွေးနေ့ အမှတ်တရ မီးပုံးပျံလွှတ်တင်မှုကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံရသော ကျောက်ဖြူမြို့နယ်၊ လိပ်ခမော်ကျေးရွာမှ ကိုလှထွန်းကျော် ကို ဇန်နဝါရီလ(၅)ရက်နေ့က (၅)ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မီးပုံးပျံလွှတ်တင်မှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရမှုနှင့် ပတ်သက်ပြီး ရုံးထုတ်လာစဉ် ကိုလှထွန်းကျော်အား မေးမြန်းခဲ့ရာ‘‘ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေးချိုးဖောက်ခံရတယ်လို့ ခံစားရတယ်။ ဒီကိစ္စမျိုး ဒီနိုင်ငံမှာ မရှိသင့်ပါ။ အလွန်တရာ လူသားချင်း ကိုယ်ချင်းမစာ ဖြစ်မှု တစ်ခုပါ’’ဟု ပြောကြားခဲ့သည်။

AA စစ်ဦးစီးချုပ်၏ (၃၉) နှစ်ပြည့် မွေးနေ့ အမှတ်တရ အဖြစ် မီးပုံးပျံ လွတ်တင်မှုကြောင့် ၂၀၁၇ ခုနှစ်၊ နိုင်ဝင်ဘာလ(၁၂)ရက်နေ့က ကျောက်ဖြူမြို့မရဲစခန်းမှ ဖမ်းဆီးခဲ့ပြီး မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁) ဖြင့် အမှုဖွင့် တရား စွဲဆိုခဲ့သည်။

တရားလိုအနေဖြင့် ကျောက်ဖြူမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ကျော်ဇောကို စစ်ဆေးခဲ့ပြီး အမှုစစ် အနေဖြင့်လည်း စစ်ဆေးရန်လည်း ရှိသေးကြောင်း အမှုကို လိုက်ပါဆောင်ရွက်နေသူ ရှေ့နေဦးတင်မြင့် ကပြောသည်။

‘‘ အမှုအခြေအနေကတော့ ဥပဒေအရ ကောင်းပါတယ်။ ဘယ်လိုဆုံးဖြတ်လာမလဲတော့ မသိဘူး။ မီးပုံးပျံတင်လို့ တရားစွဲတာပါ။ ဇန်နဝါရီလ(၁၉)ရက်နေ့သို့ ထပ်မံချိန်းလိုက်တယ်’’ဟု သူက ဆက်လက်ပြောကြားခဲ့သည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...