မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

မြို့ပြစီမံကိန်း အပေါ် ဒေသခံများ ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းဆက်လက်ဆောင်ရွက်မည်

ဖလမ်းမြို့နှင့်ဟားခါးမြို့များတွင် အစိုးရအကောင်အထည်ဖော်မည့် မြို့ပြစီမံကိန်းအသစ်ကို မကျေနပ်တဲ့အတွက် မြေပိုင်ရှင်တွေက ဆန္ဒထုတ်ဖော်ခဲ့သော်လည်း စီမံကိန်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ်စည်ပင်ညွှန်ကြားရေးမှုး ဦးထလာဟရဲကပြောသည်။

ဦးထလာဟရဲက “ ဆန္ဒဖော်ထုတ်ခဲ့သူတွေလည်း သူတို့လွတ်လပ်ခွင့်နဲ့ ဆန္ဒဖော်ထုတ်တယ်။ အခုမြို့ပြစီမံကိန်း အတွက်က နေပြည်တော်မှာ နောက်ဆုံးအဆင့်ရောက်နေပြီ။ လွှတ်တော်ကလည်း အတည်ပြုထားပြီ။ကျွန်တော်တို့ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်။ ဆန္ဒပြတဲ့သူတွေအနေနဲ့ စီမံကိန်းဧရိယာမှာ မြေပိုင်တဲ့သူတွေ ဆိုရင် အဲဒီစီမံကိန်းအသစ်နေရာမှာ သူတို့မြေကိုပြန်ရမှာဖြစ်တယ်” ဟုဦးထလာဟရဲက ပြောသည်။

မြို့ပြစီမံကိန်းချဲ့ခြင်းကို မကျေနပ်သည့်အတွက် ဟားခါးမြို့၌ ဒီဇင်ဘာလ ၁၁ ရက်နေ့က ဆန္ဒဖော် ထုတ်ခဲ့ကြသကဲ့သို့ ဖလမ်းမြိို့၌လည်း  နိုဝင်ဘာလ ၂ ရက်နေ့က ဆန္ဒထုတ်ဖော်ခဲ့ခြင်းဖြစ်သည်။

ယနေ့အချိန်ထိ ချင်းတောင်ဒေသအနှံ့တွင် ဘိုးဘွးပိုင်နယ်မြေကိစ္စနှင့် အငြင်းပွားမှုများရှိနေပြီး ဒေသခံများအနေဖြင့် ဘိုးဘွားပိုင်နယ်မြေများတွင် အစိုးရမှ စီမံကိန်းများဆောင်ရွက်လာမှုပေါ် ဆန္ဒထုတ်ဖော်မှု နှစ်လအတွင်း နှစ်ကြိမ်ဖြစ်ပွားခဲ့သည်။

Most read this week

December 18, 2025
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ခွန်လီ ( Khuangli )ကျေးရွာအနီးအနားကို မနေ့ဒီဇင်ဘာလ ၁၆ ရက်နေ့က...
December 17, 2025
ချင်းပြည်နယ်ရှိ ချင်းဘာသာစကားများ အပါအဝင် မြန်မာပြည်ရှိ ဘာသာစကား (၂၀) မျိုးဖြင့်...
December 15, 2025
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပေါ်မှာ ဒီဇင်ဘာလ ၁၄ ရက်နေ့က စစ်မှုထမ်းအတွက် လူငယ် အယောက် ၁၀...
December 10, 2025
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ၊ ရှင်းလက်ဝကျေးရွာရှိ အာရက္ခတပ်တော် ( AA) စစ်ဆေးရေးဂိတ်မှာ ဒီဇင်ဘာလ...