၂၀၁၆-၂၀၁၇ ပညာသင်နှစ် ကလေးတက္ကသိုလ်၌ တက်ရောက်ပြီးစီးသူများအနေဖြင့် ဒီဇင်ဘာလ (၇) ရက်နေ့မှစတင်ပြီး ဘွဲ့နှင်းသဘင်အတွက် လျှောက်လွှာများယူရယူနိုင်ပြီဖြစ်ကြောင်း သိရသည်။
ကလေးတက္ကသိုလ် ဒသနိကဌာန လက်ထောက်ကထိက ဆရာဗန်နွန်ဟမ်က “ဧကာဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၅ ရက်နေ့အထိကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်” ဟုပြောသည်။
လျှောက်လွှာကိုဒီဇင်ဘာလ ၂၈ ရက်နေ့(ကြာသပတေးနေ့) နောက်ဆုံးထားလျှောက်ထားရမည်ဖြစ်ပြီး လျှောက်လွှာများကို ကလေးတက္ကသိုလ် သင်တန်းရေးရာဌာန၌ ထုတ်ယူရမည်ဖြစ်သည်။
လျှောက်လွှာလျှောက်ထားရာတွင် ခြောက်လအတွင်းရိုက်ကူးထားသည့် (မြန်မာ/တိုင်းရင်းသား/အနောက်တိုင်း) ၀တ်စုံများမှ ကြိုက်နှစ်သက်ရာ ၀တ်စုံဖြင့်ပါတ်စပို့ပုံ (၃) ပုံနှင့်အတူ နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနှင့်အတူ ပူးတွဲလျက်လျှောက်ထားရမည်ဖြစ်သည်။
၂၀၁၆ – ၂၀၁၇ ပညာသင်နှစ်မတိုင်မီ ဘွဲ့ရရှိခဲ့သူများသည် တက်ရောက်ဘွဲ့လျှောက်ထားရန်မလိုပဲ အဝေးရောက် ဘွဲ့သာ လျှောက်ထားရမည်ဖြစ်သည်။
ကလေးတက္ကသိုလ်တွင် ၀န်ထမ်းနှင့်ဆရာ/မပေါင်း ၃၀၀ ၀န်းကျင်နှင့် နှစ်စဉ် တက္ကသိုလ်တက်ရောက်သူ ၅ ထောင်ဝန်းကျင်ရှိသည်။







