မြို့နယ်အဆင့် လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲ တောင်ကုတ်တွင်ပြုလုပ်

မြို့နယ်အဆင့် လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲ တောင်ကုတ်တွင်ပြုလုပ်
by -
စိုးဇံအောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်မြို့နယ် အဆင့်လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲတွင် တောင်ကုတ် မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရှင်းလင်းပွဲကို လူဝင်မှုကြီးကြပ်ရေးဌာန လဝကမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူချက် များကိုရှင်းလင်းခဲ့သည့်အပြင် မြို့နယ်ဖွံ့ဖြိုး တိုးတက် ရေး အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရှိရသည်။

“သန်ခေါင်စာရင်းရှင်းလင်းပွဲ တစ်ခုတည်း မဟုတ်ပါဘူး။ လက်ရှိမြို့နယ်ရဲ့ လူနေမှုအဆင့်အတန်းနဲ့ကျန်းမာရေးကဏ္ဍတွေ။ပညာရေးကဏ္ဍနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်း အရာတွေကို ပါရှင်းလင်းဆွေးနွေးခဲ့ကြတာပါ” ဟုတောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေက နိရဥ္စရာသို့ပြောသည်။

အဆိုပါရှင်းလင်းပွဲကို နံနက် ၈နာရီခွဲမှ ညနေ ၆ နာရီအထိ ၂ ရက်ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် တက်ရောက်ဆွေးနွေးသူဦးရေ (၅၀)ခန့် ရှိကြောင်း သိရပါသည်။

အဆိုပါလူဦးရေနှင့်သန်းခေါင်စာရင်းအသိ ပညာပေးရှင်းလင်းပွဲကို ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမြို့နယ်များတွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့်မြောက်ဦးခရိုင်တွင် ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

May 4, 2026
ခိုင်လူလှ (ရိုးမမြေ — အာရက္ခတပ်တော် (AA) ၏တန်ပြန်ထိုးစစ်ကြောင့် ရခိုင်ရိုးမပေါ်ရှိ...
May 2, 2026
ရခိုင်-မကွေးရိုးလမ်းပေါ်ရှိ ပဒါန်းအနီးရှိ ပဇီရွာအနီးတိုက်ပွဲတွင် အကြမ်းဖက်မြန်မာစစ်တပ်မှ အထိနာ...
May 1, 2026
(ဖမ်းဆီးရာ၌ ငွေကြေးမပေးနိုင်သူများကို စစ်မှုထမ်းခိုင်းကာ ရှေ့တန်းသို့ ပို့ဆောင်မှုများရှိနေ...
April 30, 2026
(ဧည့်စာရင်းစစ်ရာတွင်ယောက်ကျားများကို ပုဆိုးတွေကို ခါးတောင်းကျိုက်ခိုင်းကာ...