မြို့နယ်အဆင့် လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲ တောင်ကုတ်တွင်ပြုလုပ်

မြို့နယ်အဆင့် လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲ တောင်ကုတ်တွင်ပြုလုပ်
by -
စိုးဇံအောင်

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင်မြို့နယ် အဆင့်လူဦးရေနှင့်သန်းခေါင်စာရင်း အသိပညာပေးရှင်းလင်းပွဲကို နိုဝင်ဘာလ ၁၇ ရက်နေ့ နံနက် ၈ နာရီခွဲတွင် တောင်ကုတ် မြို့နယ်ခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါရှင်းလင်းပွဲကို လူဝင်မှုကြီးကြပ်ရေးဌာန လဝကမှ ဦးဆောင်ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ခုနှစ် လူဦးရေနှင့် သန်းခေါင်စာရင်းကောက်ယူချက် များကိုရှင်းလင်းခဲ့သည့်အပြင် မြို့နယ်ဖွံ့ဖြိုး တိုးတက် ရေး အကြောင်းအရာများကိုလည်း ရှင်းလင်းဆွေး နွေးခဲ့ကြောင်း သိရှိရသည်။

“သန်ခေါင်စာရင်းရှင်းလင်းပွဲ တစ်ခုတည်း မဟုတ်ပါဘူး။ လက်ရှိမြို့နယ်ရဲ့ လူနေမှုအဆင့်အတန်းနဲ့ကျန်းမာရေးကဏ္ဍတွေ။ပညာရေးကဏ္ဍနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အကြောင်း အရာတွေကို ပါရှင်းလင်းဆွေးနွေးခဲ့ကြတာပါ” ဟုတောင်ကုတ်မြို့နယ် စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးစန်းငွေက နိရဥ္စရာသို့ပြောသည်။

အဆိုပါရှင်းလင်းပွဲကို နံနက် ၈နာရီခွဲမှ ညနေ ၆ နာရီအထိ ၂ ရက်ဆက်တိုက်ပြုလုပ်ခဲ့ပြီး ဌာနဆိုင်ရာနှင့် အရပ်ဖက်အဖွဲ့အစည်းများ အပါအဝင် တက်ရောက်ဆွေးနွေးသူဦးရေ (၅၀)ခန့် ရှိကြောင်း သိရပါသည်။

အဆိုပါလူဦးရေနှင့်သန်းခေါင်စာရင်းအသိ ပညာပေးရှင်းလင်းပွဲကို ရခိုင်ပြည်နယ်တောင်ဘက်ပိုင်းမြို့နယ်များတွင်ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်းနှင့်မြောက်ဦးခရိုင်တွင် ဆက်လက်ပြုလုပ် သွားမည် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။

January 17, 2026
သဉ္ဇာနွယ်—  ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းသို့ အင်အားဖြည့်ပြီး ပြန်လည်ထိုးစစ်ဆင်လာသော...
January 16, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်အပိုင် စစ်ကော်မရှင်တပ်၏...
January 15, 2026
သဉ္ဇာနွယ် — ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မင်းပြင်ပတ်ဝန်းကျင်ကို စစ်ကော်မရှင်တပ်က...
January 14, 2026
သဉ္ဇာနွယ် — ရခိုင်-ပဲခူး ရိုးလမ်းပေါ်ရှိ  ၆၆၆ ပွိုင့်ကုန်းအနီး ကာကင်းစခန်းမှငတ်ပြတ်မှုကို...