တရုုတ်နယ်စပ်တွင် တအာင်းအဖွဲ့က မူးယစ်ဆေးများကို ပစ်ခတ်ဖမ်းဆီး

တရုုတ်နယ်စပ်တွင် တအာင်းအဖွဲ့က မူးယစ်ဆေးများကို ပစ်ခတ်ဖမ်းဆီး
by -
သတင်းနှင့် မီဒီယာကွန်ရက်
ပစ်ခတ်မှု ဖြစ်ပွားပြီးနောက် ရှမ်းပြည်နယ် မြောက်ပိုင်း မူဆယ်မြို့နယ်မှ တစ်ဆင့် တရုတ်နိုင်ငံ ရွှေလီမြို့သို့ ပို့ဆောင်မည့် မူးယစ်ဆေးဝါးများ ကို တအာင်း( ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PSLF/TNLA )က အောက်တိုဘာလ ၁၈ ရက်နေ့တွင် ဖမ်းဆီးရမိသည်။

တရားမဝင်လမ်း (ခိုးဝင်)လမ်းမှတဆင့် ရွှေလီမြို့သို့ မူးယစ်ဆေးဝါး သယ်ဆောင်လာမည် ဖြစ်ကြောင်း ခိုင်လုံသော သတင်းရရှိထားသဖြင့် နမ့်စန်းကျေးရွာအပေါ်ဖက်ရှိ ပန်းဆေးပြည်သူ့စစ်ဒေသဖက်မှ မူဆယ်-နမ့်ခမ်း ကားလမ်မကြီးဆီသို့ ဝင်ရောက်လာသည့် ကားလမ်းပေါ်တွင် စောင့်ဆိုင်း စစ်ဆေးစဉ် ဖမ်းဆီး ရမိခြင်း ဖြစ်သည် PSLF/TNLA မှပြောသည်။

ဖမ်းဆီးရာတွင် မူးယစ်ဆေးဝါး သယ်ဆောင်လာသူများနှင့် နှစ်ဖက် အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားပြီးမှ ဖမ်းဆီး ရမိခြင်းဖြစ်သည်ဟု တအာင်း ( ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

“မူဆယ်မြို့နယ် နမ့်စန်း ပန်းဆေးဖက်ကနေ နမ့်စန်းကျေးရွာဖက်ကို မူးယစ်ဆေးဝါး သယ်ဆောင်လာတယ်လို့ သတင်းရထားတယ်။ အဲဒါကို ကျနော်တို့ မူးယစ်အထူးအဖွဲ့က သွားပြီးမှ စောင့်ပြီးမှ သွားဖမ်းတဲ့ အချိန်ကျတော့ ပါကျဲရိုကား တစ်စီးကို သူကတားလိုက်တာ တားဆီးလိုက်တဲ့အချိန်ကျတော့ အဲဒီကားပေါ်က ပါတဲ့ လူက လက်နက်ငယ်နဲ့ သူတို့စပစ်တယ်။ စပစ်ပြီးမှ ကျနော်တို့ အဖွဲ့က ပြန်ပြီးပစ်တဲ့အချိန်ကျတော့ ၂ ဦး တော့့ ဒဏ်ရာရသွားတယ်” ဟု ဗိုလ်မှူး မိုင်းအိုက်ကျော်မှ ပြောသည်။

ဆက်လက်ပြီးသူက“အဲမှာ ကားပေါ်မှာ သွားစစ်ဆေးတဲ့ အချိန်ကျတော့ မူးယစ်ဆေးဝါးတွေ တွေ့ရတယ်။ အဲဒီ မူးယစ်ဆေးဝါး တွေက ဘိန်းဖြူက ၂.၅ ကီလိုလောက်ရှိတယ်။ မူးယစ်ဆေးဝါးဖြစ်တဲ့ ရာမဆေးဝါးက အပြားရေ ပေါ့နော ၁၈ သိန်းကျော် ဒီဘိန်းမဲက ဆယ်ပိဿာလောက်ရှိတယ်။ သိမ်းဆည်းရမိတယ်။ သူတို့ကိုင်ဆောင်တဲ့ လက်နက်တွေလည်း ကျနော်တို့ သိမ်းဆည်းရမိတယ်”

ဖမ်းဆီးရမိသည့် မူးယစ်ဆေးဝါးများ၏ ကာလတန်ဖိုးမှာ စုစုပေါင်း ကျပ်သိန်းပေါင်း သုံးသောင်းခုနှစ်ထောင် လေးရာ ကိုးဆယ်ငါးသိန်း ရှိသည်ဟု PSLF/TNLA မှ ပြောသည်။

ယခုဖမ်းဆီးရမိသူများသည် မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသူများ မဟုတ်ပဲ ပန်းဆေး ပြည်သူ့စစ် အဖွဲ့ဝင်များ ဖြစ်ပြီး ၎င်းတို့ အဖွဲ့အစည်းမှ အထက်လူကြီး၏ တာဝန်ပေး စေခိုင်းချက်အရ ယခင်က တရုတ်နိုင်ငံဖက်သို့ မူးယစ်ဆေးဝါး အကြိမ်ကြိမ် ပို့ဆောင်ဖူးသည်ဟု ထွက်ဆိုကြောင်း ဗိုလ်မှူး မိုင်းအိုက်ကျော် က စွပ်စွဲထားသည်။

“သူတို့က ဗမာစကား ရှောရှောရှုရှု မပြောတတ်ဘူး။ ဒီ စစ်ဆေးလို့ မေးမြန်းလို့ ရသလောက်က သူတို့က ပန်းဆေး ပြည်သူစစ်အဖွဲ့ဝင်ဖြစ်တယ်။ သူတို့က မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ လူလည်း မဟုတ်ဘူး။ သူတို့ အထက်က အရာရှိပေါ့နော ပန်းဆေးပြည်သူစစ်က အထက်က အရာရှိတစ်ယောက်က သူတို့ကို မကြာခဏ သွားပို့ခိုင်း တယ်။ အဲလိုမျိုးတော့ သူတို့ ထွက်ဆိုထားတယ်။”

ဖမ်းဆီးရမိသူများမှာ ၁၂ မိုင် ပန်းဆေး ပြည်သူစစ်စခန်းမှ ဦးအိုက်စိုင်းနှင့် နမ့်ခမ်းမြို့နယ် တာကွန့်ကျေးရွာမှ ဦးတော်ရှဖူး နှင့် ဦးဂျာလဝှ တို့ဖြစ်သည်။

ဖမ်းဆီးရမိသည့် သူများနဲ့ မူးယစ်ဆေးဝါးပစ္စည်းများကို PSLF/TNLA ၏ မူးယစ်ဆေးဝါးနိုင်နင်းရေး အဖွဲ့က ထိန်းသိမ်းထားကြောင်း၊ ထို့အပြင် ဖမ်းဆီးရမိသူများကိုလည်း PSLF/TNLA မူးယစ်ဆေးဝါး ဥပဒေအရ အရေး ယူ သွားရန် ရှိသည်ဟု ဗိုလ်မှူး မိုင်းအိုက်ကျော် က ပြောသည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...