FPNCC နှင့် UNFC တိုု့ NCA နှစ်ပတ်လည် အခမ်းးအနား တက်ရောက်နိုုင်မည် မဟုုတ်

FPNCC နှင့် UNFC တိုု့ NCA နှစ်ပတ်လည် အခမ်းးအနား တက်ရောက်နိုုင်မည် မဟုုတ်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ယခုလ ၁၅ ရက် နေပြည်တော်တွင် ကျင်းပမည့် တစ်နိုုင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချုပ် ရေးထိုုးသည့် ၂ နှစ်မြောက် အခမ်းအနားသိုု့ လက်မှတ်မရေးထိုုးသေးသည့် အဖွဲ့များက တက်ရောက်နိုုင်မည် မဟုုတ်ကြောင်း ပြောကြားသည်။

တပ်ပေါင်းစုကို ဖိတ်ကြားခြင်းမရှိပဲ တဖွဲ့ချင်းသား ဖိတ်ကြားသည့်အတွက်  “၀” ပြည်သွေးစည်းညီ ညွတ်ရေး ပါတီ UWSP ဦးဆောင်သည့် မြောက်ပိုင်း မဟာမိတ်ဟု လူသိများသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC ) အနေဖြင့် တက်ရောက်နိုုင်မည်မဟုုတ်ကြောင်း အဖွဲ့ဝင် ဖြစ်သည့် PSLF/TNLA မှ ပြော သည်။

“တစ်ဖွဲ့လုံးမှ မဖိတ်တာကိုး တစ်ဖွဲ့လုံးဖိတ်ရင်တော့ တစ်ဖွဲ့လုံး အစည်းအဝေးထိုင် ပြီးတော့ ဆုံးဖြတ်ပြီး သွားမှာကိုး တစ်ဖွဲ့ချင်းစီ ဖိတ်ရင်တော့ မတက်ဖြစ်ဘူး။ ဒီလိုအဖွဲ့လုံး ဒီ FPNCC နာမည်တပ်ပြီးတော့ ဖိတ်ရင်တော့ ဒါကတော့ မပြောတတ်ဘူးလေ။ အခုက FPNCC နာမည်တပ်ပြီးတော့လည်း မဖိတ်ဘူး။ သုံးလေးဖွဲ့လောက်ပဲ ကွက်ပြီးဖိတ်တယ် ဖိတ်တဲ့အခါကျတော့ တစ်ဖွဲ့လုံးရဲ့ ခွင့်ပြုချက်မရပဲနဲ့ ကျနော်တို့ သွားလို့ မရဘူးလေနော။ သွားဖို့တော့ မလွယ်ဘူးနော။ အချိန်လည်း မရဘူး” ဟု တအာင်း( ပလောင် ) အမျိုးသားလွတ်မြောက်ရေး တပ်မတော် PSLF/TNLA မှ ဒု-ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် တားဂျုတ်ဂျားက ပြောသည်။

တအာင်း(ပလောင်) အမျိုးသားလွတ်မြောက်ရေး တပ်မတော် ( PSLF/TNLA )အနေဖြင့် NCA  စာချုပ် လက် မှတ်ရေးထိုးခြင်း၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားစာကို ယမန်နေ့ ညနေပိုင်းအချိန်ခန့်တွင် UNFC မှတစ်ဆင့် ရရှိထားကြောင်း ပြောသည်။

PSLF/TNLA နှင့်အတူ ရက္ခိုင့်တပ်မတော် (AA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ( SSPP/SSA) တို့လည်း ဖိတ် ကြားစာ ရရှိထားပြီး အခြား ( FPNCC ) အဖွဲ့ဝင်များမှာ ဖိတ်ကြားစာ ရရှိထားသည်ဟု မကြားသေး ကြောင်း ဗိုလ်မှူးချုပ် တားဂျုတ်ဂျား ကပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) အနေနဲ့ NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနား တက်ရောက်ရန် ဖိတ်ကြားစာ မရရှိသေးပဲ ရှိနေပြီး အကယ်၍ ဖိတ်ကြားစာ ရရှိလာပါက အချိန် အခက်အခဲကြောင့် တက်ရောက်ရန် အဆင်မပြေနိုင်ဟု ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဒု-ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

“အခုထက်ထိကတော့ ဒီဖိတ်တဲ့စာကတော့ မရောက်ဘူးထင်တယ်။ သက်ဆိုင်ရာ အဲဒီ ဗဟိုကော်မ တီ ရုံးကို ကျနော်မေးကြည့်တော့ အခုထက်ထိ တရားဝင်ဖိတ်ကြားစာကတော့  မရရှိသေး ဘူးလို့ ပြောတယ်။ ဒါ တစ်ချက်က တကယ်လို့များ ဖိတ်ခေါ်တဲ့ ဖိတ်ကြားတဲ့စာ ရောက်ရင်လည်း အချိန်က တော့ အရမ်းကပ်နေလို့ တက်ရောက်ဖို့ကတော့ အဆင်မပြေလောက်ဘူး ထင်တယ်။ ဒါ ကျနော် အမြင်ပေါ့နော”

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ကလည်း NCA စာချုပ် လက်မှတ် ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားသို့ တက်ရောက်ရန် ဖိတ်ကြားစာကို အောက်တို ဘာလ ၁၂ ရက်နေ့က ရရှိခဲ့ရာ မိမိတို့အနေဖြင့် အခမ်းအနားသို့ တက်ချင်သော်လည်း ပြင်ဆင်ရန် အချိန် အလွန် နီးကပ်နေသည့်အတွက် အချိန်အတိုင်းအတာအရ တက်ရောက်နိုင်မည်မဟုတ်ကြောင်း UNFC မှ အထွေထွေအတွင်းရေးမှူး ခူးဦးရယ် က ပြောသည်။

အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ဗိုုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော NCA လက် မှတ်ထိုုးထားသော အဖွဲ့များနှင့် အစိုုးရ ကိုုယ်စားလှယ်တိုု့ တွေ့ဆုံုခဲ့ပြီး NCA  ၂ နှစ်ပြည့် အခမ်း အနား သို့ အပစ်မရပ်ထားသည့် “၀” ဦးဆောင်သည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ အစည်းများနှင့် ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ UNFC အဖွဲ့များ တက်ရောက်နိုင်ရန်အဆိုပြုခဲ့ရာ အစိုးရဖက် မှ သဘောတူခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့တွင် ယခင် သမ္မတ ဦးသိန်းစိန် ဦးဆောင်သည့် အစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့ ၈ ဖွဲ့အကြား တစ်နိုင်ငံလုံး ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့ကြသည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် နှစ်ပတ်လည် အခမ်းအနားကို ၂၀၁၇ အောက်တိုဘာလ ၁၅ ရက်နေ့တွင် နေပြည်တော်တွင် နိုင်ငံ တော်အဆင့် ပြုလုပ်မည်ဟု သိရသည်။

“၀” ဦးဆောင်သည့် FPNCC တွင် ၀ပြည် သွေးစည်းညီညွတ်ရေး ပါတီ (UWSP)၊ ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့ (KIO)၊ ရှမ်းပြည်တိုးတက်ရေး ပါတီ (SSPP)၊ မြန်မာအမျိုးသားများ ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA- ကိုုးကန့်အဖွဲ့)၊ အမျိုးသား ဒီမိုုကရေစီ မဟာမိတ် တပ်မတော် (NDAA- မိုုင်းလားအဖွဲ့)၊ တအားန်/ပလောင် အမျိုးသား လွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)၊ ရက္ခိုင့် တပ်မတော် (AA) တိုု့ပါ၀င်ပြီး NCA လမ်းကြောင်း မဟုုတ်သည့်နည်းလမ်းဖြင့် ငြိမ်းချမ်းရေးကို အရယူမည်ဟု ကြေညာထားသည်။

ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ ( UNFC ) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ကရင်နီအမျိုးသား တိုုးတက်ရေး ပါတီ (KNPP)၊ ရခိုုင်အမျိုးသား ကောင်စီ (ANC) နှင့် လားဟူ ဒီမိုုကရက်တစ်အစည်းအရုံုး (LDU) တိုု့ပါ၀င်ပြီး NCA စာချုပ်အတိုင်း အစိုးရနှင့် ငြိမ်းချမ်းရေး ဆွေးနွေးရန်ဆုံးဖြတ်ထားသည်။

February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...