NCA နှစ်ပတ်လည်အခမ်းအနား လက်မှတ်မထိုုးသော အဖွဲ့များလည်း ဖိတ်ကြားမည်

NCA နှစ်ပတ်လည်အခမ်းအနား လက်မှတ်မထိုုးသော အဖွဲ့များလည်း ဖိတ်ကြားမည်
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
အောက်တိုဘာလ ၁၅ ရက်နေ့တွင် ကျရောက်မည့် တစ်နိုင်ငံလုံုးပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေးသဘောတူစာချုပ် NCA နှစ်နှစ်ပြည့် အခမ်းအနားသိုု့ လက်မှတ်မရေးထိုုးသေးသည့် မြောက်ပိုုင်းမဟာမိတ်အဖွဲ့နှင့် UNFC အဖွဲ့များ တက်ရောက်ရန် အစိုးရကသဘောတူခဲ့သည်ဟုု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့က ပြောသည်။ အောက်တိုဘာလ ၁၀ ရက်နေ့က နေပြည်တော်တွင် ဗိုုလ်မှူးကြီး ခွန်ဥက္ကာ ဦးဆောင်သော NCA လက်မှတ်ထိုုးထားသော အဖွဲ့များနှင့် အစိုုးရကိုုယ်စားလှယ်တိုု့ တွေ့ဆုံုခဲ့သည်ဟု ပအို့ဝ်အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO ဥက္ကဌ ခွန်မြင့်ထွန်းက ပြောသည်။ “ဆွေးနွေးပွဲမှာတော့ ကျနော်တို့ ဒီ မြောက်ပိုင်း မဟာမိတ်အဖွဲ့တွေကိုရော UNFC ကိုရော ဖိတ်ကြားဖို့အတွက် ကျနော်တို့ ဖက်ကနေ အဆိုပြုပါတယ်။ အဲ့ဒီ အဆိုပြုမှုကို အစိုးရကလည်း လက်ခံပြီးတော့မှ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေကိုရော UNFC ကို ရော ဒီ်အခမ်းအနားကို ဖိတ်ကြားဖို့အတွက် နှစ်ဖက် သဘောတူပြီး ဖြစ်ပါတယ်။” ယခု သဘောထားသည် အပစ်ရပ်ဖက်မှ ကိုယ်စားလှယ်နဲ့ အစိုးရဖက်မှ ကိုယ်စားလှယ် အလုပ်အဖွဲ့ ၂ ဖွဲ့ ဆွေးနွေးခြင်း ဖြစ်သည့်အတွက် တပ်မတော်မှ သဘောတူထားပြီးသား ဖြစ်သည်ဟု နားလည်ကြောင်း ဦးခွန်မြင့်ထွန်း ကပြောသည်။ အပစ်မရပ်ထားသည့် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများအား NCA စာချုပ် လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားသို့ ဖိတ်ကြားရန် အရေးကြီးသည်ဟု ခွန်မြင့်ထွန်းက ပြောသည်။ “ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက် ဖို့ ဆိုရင် ကျနော်တို့ ၈ ဖွဲ့ထဲနဲ့ဒီလို ဖော်ဆောင်လို့မရပါဘူး အစိုးရရယ်၊ လွတ်တော်ရယ်၊ တပ်မတော်ရယ်၊ ပြီးရင် နောက် ကျနော်တို့ ၈ဖွဲ့ရယ် ဒီလောက်နဲ့ ဖော်ဆောင်လို့ မရဘူး၊ အားလုံး ကျနော်တို့ ပါ၀င်သင့် ပါ၀င်ထိုက်သူအားလုံး ပါ၀င်ရမယ်ဆိုတဲ့ NCA ပြဌာန်းချက်အရ ကျနော်တို့ ညီနောင်များ အားလုံး ပါ၀င်မှသာလျှင် ဒါ ဖက်ဒရယ်ပြည်ထောင်စုကို ထူထောင်နိုင်မယ်လို့ ဒီယုံကြည်ချက်နဲ့ ဒါ ကျနော်တို့ အဆိုတင်တာ ဖြစ်ပါတယ်။” တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့် အခမ်းအနားကို အပစ်ရပ် ၈ ဖွဲ့မှ တစ်ဖွဲ့ လျှင် ထိပ်သီး ခေါင်းဆောင် တစ်ဦးနှင့် ကိုယ်စားလှယ် ၁၀ ဦး စုစုပေါင်း ၁၁ ဦးစီး တက်ရောက်ခွင့် ပြုမည် ဖြစ်သည်။ အပစ်ရပ် စာချုပ် လက်မှတ်မရေး ထိုးရသေးသည့် “ဝ” ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ် အဖွဲ့နဲ့ UNFC အဖွဲ့ဝင်များမှာ တစ်ဖွဲ့လျှင် ကိုယ်စားလှယ် ၁၅ ဦးစီ တက်ရောက်ခွင့်ပြု မည်ဟု သိရသည်။ NCA လက်မှတ်ရေးထိုးထားသည့် အပစ်ရပ်အဖွဲ့များအနေဖြင့် NCA ၂ နှစ်ပြည့် အခမ်းအနားအပြီး နေ့လည်ပိုင်းတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာ ကွယ်ရေး ဦးစီးချူပ် ဗိုလ်ချူပ်မှူးကြီး မင်းအောင်လှိုင်တို့အား နေပြည်တော်တွင် သီးခြားစီ အလွတ်သဘော တွေ့ဆုံ နိုင်ရန် စီစဉ်ထား သည်ဟု သိရသည်။
February 20, 2026
Yahoo News က ထုတ်ပြန်သော ၂၀၂၆ ခုနှစ်အတွင်း ခရီးသွားလာရန် အန္တရာယ်ရှိသည့် နိုင်ငံများစာရင်းတွင်...
February 19, 2026
ပအိုဝ်းပြည်သူ့စစ် (PNA) အဖွဲ့က ဒေသခံများကို ပြည်သူ့စစ်အဖွဲ့ဝင်ကတ်များ ပြုလုပ်ရန် ဖိအားပေး...
February 18, 2026
ဖားကန့်တွင် လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား...
February 17, 2026
မောက်မယ်တွင် စစ်ကော်မရှင်တပ်နှင့် PNA ပူးပေါင်းတပ်က နည်းပညာမြင့် အသေခံဒရုန်းများဖြင့်...