UNFC Stakeholder Consultation အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးရက် ကျင်းပ

UNFC Stakeholder Consultation အလုပ်ရုံဆွေးနွေးပွဲ နောက်ဆုံးရက် ကျင်းပ
by -
သတင်းနှင့်မီဒီယာကွန်ရက်
စက်တင်ဘာလ ၃၀ ရက်နေ့ ညီညွှတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့မှ ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် ဦးဆောင်ကျငး်ပနေသည့် Stakeholder Consultation အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ စက်တင်ဘာလ ၃၀ ရက်နေ့တွင် နောက်ဆုံးရက်ဆွေးနွေးနေကြသည်။

အစည်းအဝေးတွင် ကာကွယ်ရေးနှင့် လုံခြံုရေး ကိစ္စ၊ ဖက်ဒရယ်နှင့် ပြည်နယ်အခြေခံ ဥပဒေ ကိစ္စ၊ နိုင်ငံရေး ဆွေးနွေးရေး ကိစ္စ အပါအဝင် တရားရေး မဏ္ဍိုင်ပြုပြင်ပြောင်းလဲရေး ကိစ္စ များကို ဆွေးနွေးအကြံပြုကြမည်ဟု သိရသည်။

စက်တင်ဘာလ ၂၇ ရက်နေ့မှ စတင်ကျင်းပခဲ့သည့် ယခုအလုပ်ရုံဆွေးနွေးပွဲတွင် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများက ခေါင်းဆောင်ကိုယ်စားလှယ်တွေ၊ တိုင်းရင်းသား နိုင်ငံရေးပါတီများမှ ခေါင်းဆောင်ကိုယ်စားလှယ်များနှင့် တတ်သိပညာရှင်တွေက အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး ငြိမ်းချမ်းရေးအတွက် ရှေ့လုပ်ငန်းစဉ်တွေကို ချမှတ်နိုင်လိမ့်မည်ဟု သိရသည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့တွင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချူပ် NCA လက်မှတ်မရေးထိုးကြရသေးသည့် မွန်ပြည်သစ်ပါတ် NMSP၊ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသား ကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်အစည်းအရုံး LDU နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ SSPP အဖွဲ့ဝင်များ ပါ၀င်သည်။

ပုံဟောင်း / AA
September 21, 2026
ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်နှင့် ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်တို့ကို ဆက်သွယ်ထားသည့်...
September 21, 2026
ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို တစ်ပြိုင်နက်တည်း အကောင်အထည်ဖော်မှသာ ရေရှည်ငြိမ်းချမ်းသည့်...
စစ်အုပ်စုတပ်၏ မီးရှို့မှုကြောင့် ပျက်စီးသွားသည့် ကျေးရွာတစ်ရွာမှ မြင်ကွင်း။ / Crd
September 21, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ညောင်ဦးမြို့နှင့် မြို့နယ်အစပ် စဉ့်ကူရွာကြားရှိ...
September 19, 2026
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်အတွင်း ရွာစဉ်ပတ်၍ စစ်ကြောင်းထိုးလာသည့် စစ်အုပ်စုတပ်က ကျောက်ပြင်...