ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်တွေ့ဆုံု

ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်တွေ့ဆုံု
by -
သတင်းနှင့် မီဒီယာ ကွန်ရက်
ဇွန်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုုနှစ်။ ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့ဝင် ဦးအောင်စိုုး ဦးဆောင်သော အဖွဲ့နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ ခူးဦးရယ် ဦးဆောင်သော အဖွဲ့တိုု့သည် ယနေ့နံနက် ၉ နာရီက ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ FURAMA Hotel တွင် အလွတ်သဘော တွေ့ဆုံုဆွေးနွေးခဲ့ကြသည်။ ယနေ့ဆွေးနွေးပွဲတွင် တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက် မှတ်ရေးထိုုးနိုုင်ရန် ညီညွတ်သော တိုုင်းရင်းသား လူမျိုုုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုုပြု ထားသည့် NCA နောက်ဆက်တွဲ အချက် ၉ ချက် ကိုု အဓိကထား ဆွေးနွေးသွားမည်ဟုု သိရ သည်။ အစည်းအဝေးကိုု အစိုုးရ ငြိမ်းချမ်းကော်မရှင်အဖွဲ့မှ ဦးအောင်စိုုး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးကျော်လင်းဦး တိုု့ ပါ၀င်တက်ရောက်ကြသည်။ တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး ခေါင်းဆောင်ကုုိယ်စားလှယ်အဖွဲ့မှ ခူးဦးရယ် ဦးဆောင်၍ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဦးထွန်းဇော်၊ ဒူဝါး ဘဝမ်လရော်၊ ဗိုုလ်မှူးကြီး ဆော်လမွန်၊ ဗိုုလ်မှူးကြီး မင်းထွန်းနှင့် ဗိုုလ်မှူး ဟတ်ဟန် တိုု့ တက်ရောက်သည်။ နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့သည် အစိုုးရသစ်နှင့် နိုုင်ငံရေးဆွေးနွေးပွဲများ ဆက်ဆွေးနွေးနိုုင်ရန်အတွက် ၂၀၁၆ ခုုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အရေးပေါ် ကောင်စီအစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။
May 22, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ်အတွင်း မေလ ၂၀ ရက် ယမန်နေ့ ညသန်းခေါင်ယံအချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်း...
May 21, 2026
ရှမ်းပြည်အရှေ့ပိုင်း၊ တာချီလိတ်မြို့နယ်အတွင်းရှိ အွန်လိုင်းငွေလိမ်ဂိုဏ်း (ကျားဖြန့်) များတွင်...
May 19, 2026
ချင်းပြည်၊ မင်းတပ်မြို့နှင့် စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်တို့တွင် စစ်တပ်က လေကြောင်းမှ...
May 15, 2026
မိုးရက်ဆက်ရွာသွန်းမှုကြောင့် ရှမ်းအရှေ့ပိုင်း ရော်ဘာခြံလုပ်သားများ စားဝတ်နေရေး ခက်ခဲလာနေသည်ဟု...