Published
Saturday, June 10, 2017
ငြိမ်းချမ်းရေးကော်မရှင်နှင့် နိုုင်ငံရေးဆိုုင်ရာဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ်တွေ့ဆုံု
ဇွန်လ ၁၀ ရက်နေ့၊ ၂၀၁၇ ခုုနှစ်။
ငြိမ်းချမ်းရေး ကော်မရှင် Peace Commission အဖွဲ့ဝင် ဦးအောင်စိုုး ဦးဆောင်သော အဖွဲ့နှင့် နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုင်းရေး ကိုုယ်စားလှယ် DPN အဖွဲ့မှ ခူးဦးရယ် ဦးဆောင်သော အဖွဲ့တိုု့သည် ယနေ့နံနက် ၉ နာရီက ထိုုင်းနိုုင်ငံ ချင်းမုုိင်မြို့ရှိ FURAMA Hotel တွင် အလွတ်သဘော တွေ့ဆုံုဆွေးနွေးခဲ့ကြသည်။
ယနေ့ဆွေးနွေးပွဲတွင် တစ်နုုိင်ငံလုံုး ပစ်ခတ်တိုုက်ခိုုက်မှု ရပ်စဲရေး သဘောတူစာချူပ် NCA လက် မှတ်ရေးထိုုးနိုုင်ရန် ညီညွတ်သော တိုုင်းရင်းသား လူမျိုုုးများ ဖက်ဒရယ်ကောင်စီ UNFC မှ အဆိုုပြု ထားသည့် NCA နောက်ဆက်တွဲ အချက် ၉ ချက် ကိုု အဓိကထား ဆွေးနွေးသွားမည်ဟုု သိရ သည်။
အစည်းအဝေးကိုု အစိုုးရ ငြိမ်းချမ်းကော်မရှင်အဖွဲ့မှ ဦးအောင်စိုုး ဦးဆောင်ပြီး ဦးလှမောင်ရွှေ၊ ဦးမင်းဇော်ဦး၊ ဦးကျော်လင်းဦး တိုု့ ပါ၀င်တက်ရောက်ကြသည်။
တိုုင်းရင်းသား လက်နက်ကိုုင် တော်လှန်ရေး ခေါင်းဆောင်ကုုိယ်စားလှယ်အဖွဲ့မှ ခူးဦးရယ် ဦးဆောင်၍ ဒေါက်တာ နိုုင်ရွှေသိန်း၊ ဦးထွန်းဇော်၊ ဒူဝါး ဘဝမ်လရော်၊ ဗိုုလ်မှူးကြီး ဆော်လမွန်၊ ဗိုုလ်မှူးကြီး မင်းထွန်းနှင့် ဗိုုလ်မှူး ဟတ်ဟန် တိုု့ တက်ရောက်သည်။
နိုုင်ငံရေးဆိုုင်ရာ ဆွေးနွေးညှိနှိုုင်းရေး ကိုုယ်စားလှယ်အဖွဲ့ DPN အဖွဲ့သည် အစိုုးရသစ်နှင့် နိုုင်ငံရေးဆွေးနွေးပွဲများ ဆက်ဆွေးနွေးနိုုင်ရန်အတွက် ၂၀၁၆ ခုုနှစ် ဖေဖေါ်ဝါရီလ ၁၁ ရက်နေ့က ကျင်းပခဲ့သည့် ညီညွတ်သော တိုုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC ၏ အရေးပေါ် ကောင်စီအစည်းအဝေးမှ ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။







