ခြေဖဝါး၏ အောက်တွင် စီးနှင်းစရာ ဖိနပ်မပါဘဲ ကတ္တရာ၏ အပူကိုနင်းကာ သွားလာနေကြသည့် လူများအားလည်း ပေါက်တောမြို့ထက်တွင် မြင်တွေ့ရသည်။ ထိုသို့ တိုးတက်ဖြစ်ထွန်းမူ မညီမျှသည့် ပေါက်တောမြိ့ သည် မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးစနစ် ပြုပြင်ပြောင်းလဲဆဲကာလ ၂၀၁၀ တွင် ဂရိမုန်တိုင်း၏ အဖျားခတ်မှု ဒဏ်ကို ခံခဲ့ရသည်။ ထိုအချိန်က ပေါက်တောသည် ဆားကွင်းများ ပျက်စီးခဲ့ခြင်း၊ လယ်ယာမြေများ ပျက်စီးခဲ့ခြင်းတို့ကို ကြံုတွေ့ခဲ့ရသည်။ ထိုသို့သော ပေါက်တောမြို့သည် ရခိုင်ပြည်နယ်တွင် ရေလမ်းကြောင်းကို အဓိကအားထားရသည့် မြို့နယ်များတွင် ပါဝင်သည် ဖွံ့ဖြိုးမူ လေးပင်နေသည့် မြို့ငယ်လေးတစ်မြို့ဖြစ်သည်။
မြို့သည် ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးမှုများကို မရရှိရုံမက ကျေးရွာများတွင် ဒေသ၏အခြေနေကြောင့် လုံခြံုရေးအားနည်းမူကြောင့် ခိုးမူများ၊ ပင်လယ်ပြင်သို့ငါးဖမ်းရန်ခက်ခဲခြင်းစသည့် အခက်ခဲများကို ရင်ဆိုင်နေရသည်ဟု ပေါက်တောမြို့ထက်မှ ပြည်နယ်လွှတ်တော် အမတ် တစ်ဦးဖြစ်သူ ဦးတက်ထွန်းအောင်က ဆိုသည်။
“ရခိုင်ပဋိပက္ခဖြစ်ပြီးတဲ့ နှောက်ပိုင်းမှာ ကျေးရွာတွေမှာ နွားပျောက်၊ ကျွဲပျောက်ဒဏ်တွေကို ပိုမိုရင်ဆိုင်လာရတယ်။ လွတ်သွားတဲ့ဟာ ဟာတွေ များတယ်။ ဒါပေမယ့် မကြာခဏာဆိုသလို ဖမ်းမိတဲ့ဟာတွေရှိနေတယ်”
ပေါက်တောမြို့နယ်တွင် ဖြစ်ပွားနေသည့် ကျွဲ၊ နွားပျောက်မှုများကို ဦးသက်ထွန်းအောင်က စိတ်မသက်သာစွာ ဖြင့်ပြောဆိုသည်။ ထိုပျော ဆုံးမူအများစုတွင် လက်ရဖမ်းဆီးမိသူများမှာလည်း ဘင်္ဂလီလူမျိုးများဖြစ်နေကြပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ သို့ မှောင်ခိုရောင်းဝယ်ရန် သွားရောက်ကြသူများ ဖြစ်သည်ဟု သူကြံုတွေ့ရသည့် အနေထားများကို ဦးသက်ထွန်းအောင်က ပြန်ပြောပြသည်။
ထိုသို့ပေါက်တောမြို့နယ်တွင် ကျွဲနွားပျောက်မှုများနှင့်ပတ်သတ်ပြီး မြို့နယ်ရဲစခန်းမှ ဒုရဲမှူးတစ်ဦးဖြစ်သူ ဦးဘစုကတော့ ဖမ်းဆီးရရှိမှုမှာ နှစ်မှုသာရှိသေးသည်ဟု ပြောသည်။
“ကျွန်တော်လည်း ဒီမှာ ခုမှတာဝန်ကျတာဆိုတော့ ဒေသရဲ့အခြေနေကို စောင့်ကြည့်ရအုံးမယ် ခုလောလောဆယ်တော့ ကျွဲနွားခိုးမူနှင့် ပတ်သက်ပြီး ဖမ်းဆီးထားတာ ဒီနှစ်ပိုင်းမှာ တစ်မှုပဲရှိသေးတယ်”
ယခုနှစ် ဇွန်နဝါရီ နှစ်ဦးပိုင်းလောက်က ဖမ်းဆီးရရှိထားမိသည့် ကျွဲနွားများအား မှောင်ခိုသယ်ဆောင်ဖမ်းဆီးထားမိသည့် ဘင်္ဂလီများအား ရည်ညွန်းရင်း ဦးဘစုက ပြောဆိုလိုက်ခြင်းဖြစ်သည်။
ပေါက်တောမြို့၏ မဖွံ့ဖြိုးမှုထဲတွင် လုံခြံုရေးအားနည်းမူအပြင် ပညာရေးနယ်ပယ်ရှိ အဆောက်အအုံများ၊ သင်ထောက်ကူပစ္စည်းများ မပြည့်စုံမူများလည်းရှိနေသေးသည်ဟု DNJ ၏ သတင်းရင်းမြစ်များက ဆိုသည်။
“မိုးရွာတဲ့ ရာသီတွေဆိုရင် တော်တော်လေးကို ဆိုးရွားတာ၊ ကျောင်းသွားတက်ရတဲ့ ကလေးတွေ စာသင်ရင် ခင်းပြီးထိုင်လို့ ရအောင် ကိုယ့်အိမ်ကနေပြီး အဝတ်တွေ၊ ပီနံအိတ်တွေကို ယူသွားရတယ်”
ထိုသို့ကျောင်းတက်ရန်သွားရာက်ရသည့် အခြေခံမူလတန်းကျောင်းသည် ပေါက်တောမြို့နယ်၏ မြို့ပေါ်တွင်သာ ဖြစ်ပြီး နယ်ကျေးရွာများ ဆိုလျှင် မည်သို့ပုံစံရှိမည် ဆိုသည်မှာ ထောက်ပြစရာ ဖြစ်နေသည်။ သင်ထောက်ကူ ကျောင်းသုံးဗလာစာအုပ်များအား ဈေးကွက်တွင်း ရောင်းချနေမှုများလည်း ပေါက်တောမြို့တွင်တွေ့ရှိနေရသည်။
ကျောင်းသုံးသင်ထောက်ကူပစ္စည်းများအား ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိနိုင် သကဲ့သို့ အခမဲ့မူလတန်းပညာရေး စနစ် ဖော်ဆောင်နေဆဲကာလတွင် ကျောင်းပညာမသင်ယူခြင်းမရှိဘဲ အလုပ်လုပ်ကိုင်နေကြသည့် ကျောင်းသားအရွယ် ကလေးများအား မြင်တွေ့နေရသည်။
ပေါက်တောမှ စစ်တွေသို့သွားရောက်မည့် မော်တော်ယာဉ်များ ဆိုက်ကပ်သည့် ဆိပ်ကမ်းများတွင် ငုံးဥ၊ တွင်းဝ၊ ပန်းသီး အစရှိသည့် စားသောက်ဖွယ်ရာများအား ရောင်းချနေကြသည့် ကလေးငယ်များအား အများအပြား မြင်တွေ့နေရသည်။ ထိုကလေးငယ် အများစုသည် ပေါက်တောမြို့ပေါ်မှ ကလေးငယ်များဖြစ်ကြသည်။
ဆိပ်ကမ်းဖောင်တော်ပေါ်တွင် ရောင်းချသူများရှိသကဲ့သို့ ရှပ်ပြေးယာဉ်များ၊ မော်တော်များနှင့် အသွားအပြန် လိုက်ကာ ရောင်းချသည့် ကလေးငယ်များလည်း ရှိသည်။ ထိုသို့ပညာသင်ကြားမူ မရှိဘဲ ဘဝရပ်တည်မူအရ အသက်မွေးဝမ်းကျောင်းကို ဦးစားပေးနေရသော ကလေးငယ်များ၏ အနာဂါတ်သည့် စိုးရိမ်စရာ တစ်ခုဖြစ်သည်။ ထိုကလေးငယ်များ နေထိုင်သည့် ပေါက်တော၏ ရှေ့ရေးသည်လည်း ရင်မောစရာကောင်းသည်။ ပညာရေးနှင့်အလှမ်းဝေးနေသော ကလေးများ၏ ဘဝသည် ဝမ်းရေးတခဏတာကို အနာဂါတ်နှင့် လဲလှယ်နေရသည်။ ထိုကလေးငယ်များ ပညာသင်ကြားရေးနှင့် ပတ်သက်ပြီး ပေါက်တောဒေသခံ ဦးကံမြင်ကတော့ DNJ ကို သူ၏ အမြင်ကို ပြောပြသည်။
“ကလေးငယ်တွေကို ဒီအတိုင်းကျောင်းတက်ခိုင်းလို့တော့ မရနိုင်ဘူး၊ ကလေးတွေ ထောက်ပံ့ပေးနေရတဲ့ လုပ်အားခတွေကိုလည်း မနှစ်နာအောင် ဆောင်ရွက်ပေးသင့်တယ်၊ ဒါမှ ပညာရေးကို စိတ်ရှိလက်ရှိ အပူပင်ကင်းပြီး သင်ကြားလို့ရမှာပေါ့”
သို့သော် ပေါက်တောမြို့၏ ပညာရေးနယ်ပယ်တွင် လက်ရှိဖြေရှင်းစရာ ပြာသာနာများပင် ရှိနေသေးသည်။ ပေါက်တောမြို့၏ စာအုပ်ဈေးကွက်တွင် သက်ဆိုင်ရာပညာရေးဌာနများမှ အခမဲ့ဖြန့်ချိသည် ဗလာစာအုပ်များကို တန်ဖိုးဖြင့် ရောင်းချနေမူများ ရှိနေသေးသည်။
ရခိုင်ပြည်နယ် ပညာရေးမှူး ဦးလှစိန်ထွန်းက ထိုသို့ ပေါက်တောမြို့ပေါ်တွင် ပညာရေးဌာနက အခမဲ့ဖြန့်ချိရန်ပေးသည့် စာအုပ်များအား ရောင်းချနေမှုကို “ ဒီကိစ္စတွေဟာ တရားစွဲလို့ရတယ်။ ကျောင်းသားတွေကို အခမဲ့ဖြန့်ချိနတာကို ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး“ ဟု ဆိုသည်။
ပေါက်တောမြို့သည် ပညာရေးဘက်တွင် အားနည်းနေသလို ကျန်းမာရေးဘက်တွင်လည်း ရလဒ်ကောင်းများမှာ မှုန်ဝါးနေဆဲဖြစ် သည်။
ဒေသ၏ စားရေးသောက်ရေး အခြေအနေအရ သားငါးများ အများဆုံး စားသုံးစွဲမူနှင့် အချိုမူန့်များအား မဆင်မခြင်စားသုံး မှုကြောင့် ဖြစ်ပေါ်သည့် အကျိုးဆက်သည် ပေါက်တောမြို့နယ်တွင် တွေ့မြင်နေရာသည်။ ပေါက်တောမြို့နယ်၏ မြို့နယ်ကျန်းမာရေး ဦးစီးမှူးက သူကြံုတွေ့နေရသည့် အဖြစ်ပွားဆုံး ရောဂါအကြောင်းကို ပြောပြသည်။
“လက်ရှိ အနေထားမှတော့ ဒီဒေသမှာ တွေ့ရှိနေရတာက သွေးတိုးရောဂါ၊ အူအတက်ပေါက်တဲ့ ရောဂါတို့ကိုမြင်တွေ့နေရပါ တယ်။ သားငါးတွေပေါတဲ့နေရာ ဖြစ်တော့ အငန်ဓါတ်လွန်ကဲပြီး ဖြစ်ကြတာပါ“ ဟု ကုတင်ငါးဆယ်ဆန့် ဆေးရုံကို ဦးစီးနေရသည့် မြို့နယ်ဆရာဝန်က ပြောဆိုခြင်းဖြစ်သည်။
မြို့နယ်၏ အနေထားနှင့်ဆေးရုံကုတင်သည်လည်း လိုက်ဖက်မူ မရှိတော့။ ဆေးရုံတွင် တက်ရောက်ကုသနေရသည့် လူနာများသည် ကျန်းမာရေး အနည်းငယ် ကောင်းမွန်လာပါက နှောက်လူနာတက်ရန် နေရာဖယ်ပေးက ဆေးရုံပေါ်မှ ဆင်းကြရကြောင်းသိရသည်။
“ပိုက်ဆံတတ်နိုင်တဲ့ သူတွေကတော့ ဒီမှာ မပြကြတော့ဘူး စစ်တွေတို့သွားပြီးကုကြတယ်။ ပေါက်တောမြို့နယ်ထဲက တချို့ကျွန်းရွာ တွေ ဆိုရင်လည်း စစ်တွေနှင့် နီးတော့ စစ်တွေကို တိုက်ရိုက်သွားကြတာများတယ် “
ပေါက်တောမြို့၏ ကျန်းမာရေးစောင့်ရှောက်ခံမှုနှင့်ပတ်သတ်ပြီး ဒေသခံတစ်ဦးအား မေးမြန်းရာတွင် ပြန်လည်ပြောဆိုခြင်းဖြစ်သည်။
လျှပ်စစ်မီးသုံးစွဲမှု၌လည်း ပေါက်တောသည် နောက်ကျကျန်ရစ်ဆဲ ဖြစ်သည်။ ဆေးရုံပေါ်တွင်လည်း ညမီးရရှိစေရန်တွက် ပေါက်တောမြို့နယ်မှ စေတနာရှင်များနှင့် စုပေါင်းလူဒါန်းကြကြောင်းသိရသည်။ ပေါက်တောမြို့လယ် ရှိ ချောင်းကူးတံတားကြီးသည်လည်း ကုန်းက မြင့်မားကာ ထိခိုက်အန္တရာယ် ဖြစ်ပေါ်မူကို စိန်ခေါ်နေဆဲဖြစ်သည်။
ကျေးရွာနယ်များတွင်လည်း အုပ်ချုပ်သူများနှင့်အကျင့်ပျက် ဝန်ထမ်းတချို့၏ နိုင်ထက်စီးနင်းမှုကိုလည်း ပေါက်တောသည် ခံနေရဆဲဖြစ် သည်။ လွန်ခဲ့သည် ရက်အတွင်းပိုင်းက စိုးမဲကျီကျေးရွာတွင် ခလရ(၂၆၃) မှ ဗိုလ်ကြီးအဆင့်ရှိ တပ်သားတစ်ဦး တစ်ဦး၏ နှိင်ထက်စီးနှင်း မူကို ခံခဲ့ရသည်။
ဦးသက်ထွန်းအောင်က ထိုအမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာသို့လည်းတိုင်တန်းထားပြီး ဆောင်ရွက်ရန်ကြိူးစားနေဆဲဖြစ်သည်ဟု ဆိုသည်။
ပေါက်တောမြို့သည် လက်ရှိရခိုင်နိုင်ငံရေး၊ လူမူရေးရာတွင်လည်း တက်ကြွလုပ်ရှားနေသော မြို့တစ်မြို့..။ သို့သော် ပေါက်တောမြို့သည် လက်ရှိ ဖြစ်ပေါ်နေသော အခြေနေများအရ ဖွံ့ဖြိုးတိုးတက်မှုကို မျော်လင့်နေသော မြို့တစ်မြို့ဟု ဆိုလျှင်…။





