အဆိုပါ မီးလောင်ကျွမ်းမှုမှာ စစ်တွေမြို့ အောင်မင်္ဂလာရပ်၌ နေထိုင်သူ ဒေါ်နူလီမာဟာ၏ နေအိမ်၌တပ်ဆင်ထားသည့် ဆိုလာမီးအပူလွန်ကဲရာမှ စတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နေအိမ်နှစ်လုံးခန့် ပျက်စီးခဲ့ရကြောင်းသိရသည်။
အိမ်ပိုင်ရှင်ဖြစ်သည့် ဒေါ်နူလီမာဟာ အသက် ၆၀ နှစ်နှင့် ဦးမာမောက်အီနူ အသက် ၃၃ နှစ်တို့ နှစ်ဦးအား မီးပေါ့ဆမှုဖြင့် အမှတ် (၁) ရဲစခန်းမှ (ပ) ၆၀၉/၂၀၁၇ ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၈၅ အရ အရေးယူမှုများ ဆောင်ရွက်နိုင်ရန်အတွက် ပြင်ဆင်လျှက်ရှိကြောင်း သိရသည်။
မီးလောင်မှုဖြစ်စဉ်၌ လူစုလူဝေးအနည်းငယ်ဖြစ်ပေါ်ခဲ့ပြီး သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များမှ လုံခြံုရေးဖြင့်တားဆီးခဲ့ရကြောင်း မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အတွင်းနေထိုင်သူများက လာရောက်မီးငြိှမ်းသတ်မှုကြောင့် မေလ ၃ ရက်နေ့ ည ၁၀ နာရီအချိန်တွင် မီးငြိမ်သက်နိုင်ခဲ့ကြောင်း သိရသည်။







